လက်ဘနွန်ရေအောက်သွားတဲ့ တင့်ကားတွေရဲ့ အကြောင်းရင်း
Your browser doesn’t support HTML5
ရေအောက်မှာ သက်ရှိတွေနေထိုင်ဖို့ နေရာသစ်တွေ ဖန်တီးဖို့နဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် လက်ဘနွန်နိုင်ငံက သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေဟာ တင့်ကားဟောင်း ၁၀စီးကို ရေအောက်မှာ မြှုပ်နှံလိုက်ကြပါတယ်။ ဒီလိုလုပ်တာဟာ Sidon မြို့ရဲ့ ကမ်းခြေကနေ ၃ကီလိုမီတာအကွာအဝေးမှာ ရေငုပ်သူတွေအတွက် ရေအောက်ဥယျာဉ်တစ်ခုဖန်တီးဖို့အတွက် ကနဦးခြေလှမ်းလည်းဖြစ်ပါတယ်။ တင့်ကားရဲ့ အမြှောက်တွေကိုတော့ အစ္စရေးနိုင်ငံဖက်ခြမ်းကိုလှည့်ထားပြီး ဒါဟာ ပါလက်စတိုင်းပြည်သူတွေကို လေးစားမှုပြတဲ့ သင်္ကေတတစ်ခုအနေနဲ့ဖြစ်ပါတယ်။ #voaburmese #voasocial