အီရန်နဲ့ စကားပြောဖို့ သမ္မတ Trump ဆန္ဒရှိ

Your browser doesn’t support HTML5

အီရန်သမ္မတဘက်က တွေ့ဆုံချင်တဲ့ အချိန်မှာ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း အမေရိကန် သမ္မတ Donald Trump ကပြောဆိုပါတယ်။ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း အီရန် အာဏာရှင်အစိုးရကို နျူးကလီးယားပိုင်ဆိုင်ခွင့် ဘယ်တော့မှ ပေးမှာမဟုတ်ကြောင်း သမ္မတ Trump က ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းအတွင်းကလည်း Trump ဟာ အီရန်သမ္မတနဲ့ အပြန်အလှန်ထိုးနှက်ပြောဆိုခဲ့ပြီး အီရန်အနေနဲ့ အမေရိကန်ပြည်ထောင်စုအပေါ် ခြိမ်းခြောက်ပြောဆိုတာမျိုး နောက်ထပ်မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။