အာမေးနီးယန်း ရေသဘင်ပွဲ

Your browser doesn’t support HTML5

အာမေးနီးယားနိုင်ငံမှာတော့ နှစ်စဉ်ကျင်းပနေကြ ရိုးရာပွဲတစ်ခုဖြစ်တဲ့ Vardavar နေ့ကို ဆင်နွှဲနေကြပါတယ်။ ဒီနေ့မှာ မြန်မာနိုင်ငံက အတာသင်္ကြန်လိုပဲ တစ်ဦးနဲ့တစ်ဦး ရေပက်ရင်း တစ်နေ့တာကို ကုန်ဆုံးကြတာလည်းဖြစ်ပါတယ်။ Vardavar နေ့ကို နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့တာဖြစ်ပြီး ခရစ်တော် ထမြောက်ခြင်းပွဲတော် (Easter) အပြီး (၁၄)ပတ်မြောက်မှာ ကျင်းပတာလည်းဖြစ်ပါတယ်။ #voaburmese #voasocial