မွေးကင်းစကလေးငယ်တစ်ဦး ဘရာဇီးရဲ ကယ်တင်

Your browser doesn’t support HTML5

ဘရာဇီးနိုင်ငံမှာ အသက်ရှင်လျက် မြေမြှုပ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို ရဲတွေက အချိန်မှီကယ်တင်လိုက်နိုင်ပါတယ်။ ကလေးငယ်ဟာ မွေးမွေးချင်း သေဆုံးသွားတယ်ဆိုပြီး သူ့မိဘတွေက အခုလိုလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း သူနာပြုဆရာမက တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာကြောင့် မြှုပ်နှံခံရပြီး ၇နာရီအကြာမှာ ရဲက တူးဖော်နိုင်ခဲ့ပါတယ်။ ကလေးကိုတော့ မွေးကင်းစကလေး အထူးကုဆောင်မှာ ထားရှိပြီး အခြေအနေကောင်းတယ်လို့ ပြည်နယ်ရှေ့နေကပြောပါတယ်။ #voaburmese #voasocial