နျူကလီးယားကင်းစင်ရေး ထိပ်သီးဆွေးနွေးပွဲ သဘောတူ

Your browser doesn’t support HTML5

ကိုရီးယားကျွန်းဆွယ်မှာနူကလီးယားကင်းစင်ရေးရည်ရွယ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။ သမိုင်းဝင် အခုလို သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်နိုင်တာကြောင့် ကမ္ဘာကြီးအနေနဲ့ ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ ထူးခြားမှုတွေကိုလည်း တွေ့ရလိမ့်မယ်လို့ အမေရိကန်သမ္မတကရော မြောက်ကိုရီးယားခေါင်းဆောင်ကပါ ပြောကြားပါတယ်။ မြောက်ကိုရီးခေါင်းဆောင်ကို အိမ်ဖြူတော်ကိုလာရောက်ဖို့ ဖိတ်ကြားမယ်လို့လည်း သမ္မတ Donald Trump က ပြောပါတယ်။ ဒီအကြောင်း ရိုက်တာနဲ့ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။