ကားလ်မာစ့်ရုပ်ထုသစ်တစ်ခု ဂျာမနီထံ တရုတ်လှူဒါန်း

Your browser doesn’t support HTML5

ကမ္ဘာကို ကွန်မြူနစ်ဝါဒနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဂျာမန်အတွေးအခေါ်ပညာရှင် Karl Marx ရဲ့ ပုံတူ ကြေးရုပ်ထုတစ်ခုကို ဂျာမနီနိုင်ငံ သူ့ရဲ့ မွေးရပ်ဇာတိ Trier မြို့မှာ တရုတ်နိုင်ငံက လှူဒါန်းခဲ့ပါတယ်။ ဒီရုပ်ထုဟာ ၅မီတာခွဲ အမြင့်ရှိပြီး မေလ (၅)ရက် Marxရဲ့ နှစ်(၂၀၀)မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် တရုတ် နာမည်ကြီးပန်းပုပညာရှင် Wu Weishan က ထုလုပ်ခဲ့တာပါ။ ဒါ့အပြင် အောက်တိုဘာ (၂၁)ရက်နေ့အထိ ပြသသွားမယ့် Karl Marx 1818-1883, Life, Works & Time ပြပွဲကိုလည်း Trier မြို့မှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။ #voaburmese #voasocial