ရုရှားနဲ့ လူမှုကွန်ယက်အပေါ် တင်းကြပ်မှုများ

Your browser doesn’t support HTML5

Facebook ကုမ္ပဏီအနေနဲ့ ရုရှားက Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရုရှားမှာရှိတဲ့ အင်တာနက် server တွေမှာထားဖို့နဲ့ အဲဒီလိုမလုပ်ရင်တော့ နိုင်ငံတွင်း Facebook အသုံးပြုတာတွေ ပိတ်ပစ်မယ်လို့ ရုရှားအစိုးရက သတိပေးလိုက်ပါတယ်။ စာဝှက်ပို့နိုင်တဲ့ App – Telegram သုံးစွဲခွင့် ပိတ်ပင်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတွင်း လူမှုကွန်ရက် မီဒီယာအသုံးပြုမှုတွေကို စောင့်ကြည့်ကြပ်မတ်တဲ့ Roskomnadzor အစိုးရဌာန အကြီးအကဲက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဲဒီလို သတိပေးလိုက်တာပါ။ ဗွီအိုအေသတင်းထောက် Iuliia Alieva ပေးပို့တဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။