FBI ဒါရိုက်တာဟောင်း Comey နဲ့ သမ္မတTrump အကြား အပြန်အလှန်ဝေဖန်
Your browser doesn’t support HTML5
ပြီးခဲ့တဲ့ နှစ်က သမ္မတ Donald Trump ရာထူးက ဖယ်ရှားတာကို ခံခဲ့ရတဲ့ FBI ပြည်ထောင်စုအစိုးရ စုံစမ်းရေးဗျုရို ဒါရိုက်တာဟောင်း James Comey နဲ့ သမ္မတ အကြားအပြန်အလှန် ထိုးနှက် ပြောဆိုတာတွေ ထွက်ပေါ်လာပါတယ်။ Comey က သူနဲ့ သမ္မတအကြား ပဋိပက္ခဖြစ်ခဲ့တဲ့အကြောင်းအရာ အသေးစိတ်အပါအဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ရဲ့ အီးမေးတွေကို ကိုယ်ပိုင် Account နဲ့ သုံးခဲ့တဲ့ကိစ္စကို FBI က စုံစမ်းခဲ့တာတွေနဲ့ ပတ်သက်လို့ စာအုပ်တအုပ် ထုတ်ဝေခါနီး ဒီအကြောင်းတွေကို သတင်းဌာနတွေကတဆင့် ထုတ်ဖေါ် ပြောဆိုလိုက်တာဖြစ်ပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။