ကချင်ဒုက္ခသည်တွေရဲ့ အခက်အခဲ

Your browser doesn’t support HTML5

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်စခန်းပေါင်း ၁၆၅ ခုမှာ ခိုလုံနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေလည်း ပိုပြီး ဆိုးလာနေပါတယ်။ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည် စတင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစလို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် တသိန်းနီးပါးအထိ ရှိလာခဲ့ပြီး ငြိမ်းချမ်းရေး အဖြေရှာနိုင်မယ့် အခြေအနေကလည်း အလှမ်းဝေးနေပါတယ်။ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့အခြေအနေ ကိုယ်တိုင် သွားရောက် တွေ့ဆုံမေးမြန်းထားတဲ့ Steve Sandford ရဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။