ထောင်ဒဏ်ပြစ်ဒဏ်ချခံထားရတဲ့ ဘရာဇီးလ်သမ္မတဟောင်း Luiz Inacio Lula da Silva ဟာ စနေနေ့မှာ အာဏာပိုင်တွေဆီလာရောက်အဖမ်းခံလိုက်ပါပြီ။ သူ့ကိုလာဖမ်းတဲ့ ရဲတို့ကို ထိပ်တိုက်ရင်ဆိုင်မှုဖြစ်အပြီး နောက်တရက်မှာပဲ ခုလိုလာရောက်အဖမ်းခံလိုက်တာပါ။ သူလာရောက် တိမ်းရှောင်နေတဲ့ သံမဏိအလုပ်ရုံထဲကနေ လုံခြုံရေး အများအပြား ခြံရံပြီး မစ္စတာ Lula da Silva ထွက်ခွါသွားခဲ့တာပါ။
အစောပိုင်းတုန်းကတော့ အလုပ်ရုံထဲကနေ ထွက်မသွားနိုင်အောင် သူ့ကိုထောက်ခံသူတို့ တားမြစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ မစ္စတာ Lula da Silva ကို ရဲကားတစင်းနဲ့ Sao Paolo မြို့ရဲစခန်းတခုဆီခေါ်သွားပါတယ်။ မကြာခင်မှာတော့ ဘရာဇီးလ်နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး အခြေစိုက်ရာ Curitiba မြို့ကို လေယာဉ်နဲ့ပို့ဆောင်ကြမှာဖြစ်ပါတယ်။
ကြာသပတေးနေ့က ဖမ်းဝရမ်းထုတ်ပြန်လိုက်ပြီး ပထမဆုံးပြောတဲ့မိန့်ခွန်းမှာတော့ သူ့မှာ အပြစ်မရှိကြောင်းနဲ့ လာမယ့် အောက်တိုဘာ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် ပစ်မှတ်ထားလုပ်ဆောင်ချက်သာဖြစ်တယ်လို့ သမ္မတဟောင်း da Silva ကသူ့ကိုထောက်ခံသူတွေကို ပြောဆိုခဲ့တာပါ။
အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ သမ္မတဟောင်း da Silva ကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး တရားရုံးက ၁၂ နှစ် ပြစ်ဒဏ်ချလိုက်တာပါ။ ဒါပေမယ့်လည်း မစ္စတာ da Silva က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အလုပ်သမားခေါင်းဆောင်တယောက်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ Sao Paulo မြို့က စတီးလုပ်သားသမဂ္ဂအဆောက်အအုံမှာ သွားရောက်တိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5