အမေရိကန် ရုရှားထိပ်သီးစည်းဝေးပွဲနဲ့ Trump သဘောထား

Your browser doesn’t support HTML5

ရုရှားသမ္မတ Vladimir Putin နဲ့ မကြာခင်မှာ တွေ့ဆုံဖို့အတွက် အမေရိကန်သမ္မတ Donald Trump တယ်လီဖုန်းကတဆင့် ဖိတ်ကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ရုရှားအပေါ် သူ့လောက် တင်းတင်းမာမာ သဘောထားသူ မရှိဘူးဆိုပြီး သမ္မတ Trump က ပြောလိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ အဆိပ်ခတ်ခံရမှုနောက်ကွယ်မှာ ရုရှားအစိုးရရှိတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ နောက်ဆက်တွဲအဖြစ် အနောက်နိုင်ငံတွေက ရုရှားသံတမန်တွေကို မောင်းထုတ်ပြီးနောက်ပိုင်း နိုင်ငံတကာမှာ အထီးကျန်ဖြစ်လာနေတဲ့ အခြေအနေကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ရုရှားက အမေရိကန်နဲ့ ထိပ်သီးတွေ့ဆုံပွဲ ကျင်းပချင်တာလို့လည်း သုံးသပ်သူတချို့က မြင်ပါတယ်။ သံတမန်ရေးရာ VOA သတင်းထောက် Cindy Saine ဝါရှင်တန်ဒီစီမြို့တော်ကနေ ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က ပြောပြပေးပါမယ်။