Douma ကနေ ဆီးရီယားသူပုန်တွေ ဆုတ်ခွာ

ဆီးရီးယား နိုင်ငံ မြို့တော် Damascus မြို့ပြင် Ghouta အရှေ့ပိုင်း ဒေသတွင်းက အကြီးဆုံး သူပုန်အဖွဲ့ကို သူတို့ နောက်ဆုံး ထိန်းချုပ်ထားရာ ဒေသကနေ စတင်ပြောင်းရွှေ့နေပြီလို့ ဆီးရီးယား နိုင်ငံပိုင် မီဒီယာက ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုပါတယ်။

Army of Islam အဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေနဲ့ ပိတ်ဆို့ခံထားရတဲ့ Douma မြို့ထဲက လူတွေကို နိုင်ငံမြောက်ပိုင်း Jarablus မြို့ကို ခေါ်ဆောင်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ Douma မြို့ကို ပြန်လည် သိမ်းပိုက်တာဟာဆိုရင် သမ္မတ Bashar al-Assad အစိုးရ အတွက်တော့ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် Ghouta အရှေ့ပိုင်း ဒေသကို အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံတဝန်း ပဋိပက္ခတွေကနေ ဘေးကင်းရာ ပြောင်းရွှေ့ပေးမှုတွေမှာတော့ သူပုန်တိုက်ခိုက်ရေး သမားတွေနဲ့ သူတို့ မိသားစုတွေကို အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဒေသတွေင်းကနေ ထွက်ခွာသွားနိုင်ပြီး အတိုက်အခံတွေ ထိန်းချုပ်ရာ ဒေသတွေကို သွားခွင့်ပြုတာ ဖြစ်ပါတယ်။

Ghouta အရှေ့ပိုင်း ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ရေး အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေက သတင်းပတ် ၆ ခုကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ထောင့် ၆ ရာ သေဆုံးခဲ့ရပါတယ်။ Douma မြို့တော့ ၂၀၁၁ ခုနှစ်တုန်းက သမ္မတ Assad ကို ဆန့်ကျင် ဆန္ဒပြပွဲကို စတင်ခဲ့ကြတဲ့ မြို့တွေထဲက တခု ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေက လက်ရှိ ပြည်တွင်းစစ် အဖြစ် ကြီးထွားလာခဲ့ပြီး အရပ်သား သိန်းချီ သေဆုံး၊ ဆီးရီးယား မြို့တွေ ပျက်စီးခဲ့ရသလို အမေရိကန်နဲ့ ဆီးရီးယား အစိုးရ လိုလားတဲ့ ရုရှားကြားမှာလည်း စစ်ဆေးခတ်ပုံစံ တင်းမာမှုတွေ ဖြစ်စေခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ Easter ဟောကြားချက်မှာတော့ ဆီးရီးယား နိုင်ငံတွင်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေလို့ ပြောဆိုပြီး ဒါတွေကို အဆုံးသတ်ဖို့ ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။

Your browser doesn’t support HTML5

Douma ကနေ ဆီးရီယားသူပုန်တွေ ဆုတ်ခွာ