ဇန်နဝါရီ ၂၃၊ ၂၀၁၈။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ အရေးအခင်းနဲ့ လုံခြုံရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ၊ အခု NLD အစိုးရလက်ထက် သွေးစွန်းခဲ့ရတဲ့ဖြစ်ရပ်တခုလို့ ဆိုနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေး ရှုဒေါင့် လူ့အခွင့်အရေးရှုဒေါင့် လုံခြုံရေးရှုဒေါင့် ဒေါင့်ပေါင်းစုံကနေ ဝေဖန်ငြင်းခုန်မှုတွေလည်း ရှိပါတယ်။
အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ ဒီ မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေးထားပါတယ်။
ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနဲ့ NHK သတင်းဌာနက သတင်းစာဆရာ ကိုသီဟသွေးတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5