ဆောင်းတွင်းမှာ မိချောင်းတွေ ဘယ်လိုအသက်ရှင်ကြလဲ

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အေးခဲနေတဲ့ ရေကန်တစ်ကန်မှာတော့ မိချောင်းတွေရဲ့ နှာခေါင်းတွေ ရေခဲပြင်ပေါ် ပေါ်နေတာကို တွေ့ရပါတယ်။ ငှက်တွေ ဆောင်းခိုတဲ့ ဖြစ်စဉ်လို သွေးအေးသတ္တဝါတွေအတွက် ဒီဖြစ်စဉ်ကိုတော့ Brumation လို့ခေါ်ပြီး ဒီအတောအတွင်းမှာ စွမ်းအင်ကို ပိုပြီးကြာကြာထိန်းထားနိုင်ဖို့အတွက် သူတို့ရဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်နဲ့ အသက်ရှုမှုတွေ နှေးကွေးသွားတာဖြစ်ပါတယ်။