ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေရ်ှနိုင်ငံအကြား တရုတ်နိုင်ငံအနေနဲ့ ကြားဝင်ညှိုနှိုင်းပေးနေရာမှာ ပြဿနာဖြေရှင်းရေးအတွက် အဆင့်သုံးဆင့်ပါ ဖြေရှင်းနည်းတရပ်ကို အဆိုပြုထားပြီးဖြစ်ပါတယ်။
ဒါကို ဘင်္ဂလားဒေ့ရ်ှဖက်က လက်ခံသလို မြန်မာဖက်ကလည်း အပြုသဘောတုန့်ပြန်ချက်ရထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အခုလို ရခိုင်မြောက်ပိုင်းပဋိပက္ခကို ကြားဝင်ညှိုနှိုင်းပေးမှုဟာ အရင်ရပ်တည်ချက်ဖြစ်တဲ့ အခြားနိုင်ငံပြည်တွင်းရေးဝင်မစွတ်ဖက်ဘူးဆိုတဲ့ မူကနေ သွေဖီသွားတဲ့သဘောလား၊ ရခိုင်အရေးနဲ့ပတ်သက်လို့ တရုတ်က ဘာကြောင့် အဲလောက် စိတ်ဝင်စားမှုရှိနေပါလဲ။
စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ တရုတ်မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော၊ သတင်းစာဆရာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့် နဲ့အတူ မအေးသန္တာကျော်တို့ ဆွေးနွေးထားတာကို နားဆင်ပါရှင်။
Your browser doesn’t support HTML5