အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲအပါအဝင် ဆက်စပ်ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စနေနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိသွားပါတယ်။
အဲဒီမှာ ဆွေးနွေးပွဲတွေတက်ရောက်တဲ့အခါ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် တဖက်နိုင်ငံကို ထွက်ပြေးကြရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ နိုင်ငံတကာခေါင်းဆောင်တွေ ဖိအားပေးလာကြမှာနဲ့ ကြုံမယ်လို့ ခန့်မှန်းရပါတယ်။
နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ကျင်းပမယ့် ၂ ရက်ကြာ ASEAN ထိပ်သီးအစည်းအဝေးအတွင်းမှာ ASEAN ၁၀ နိုင်ငံ ခေါင်းဆောင်တွေက တရုတ်၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ အပါအဝင် ကမ္ဘာ့ ၁၁ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ Donald Trump ဒီအစည်းအဝေးကို ပထဆုံးအကြိမ် တက်ရောက်တာ ဖြစ်ပါတယ်။ အာရှ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတ Trump ရဲ့ ခရီးစဉ်မှာ အခု ဖိလစ်ပိုင်နိုင်ငံကို နောက်ဆုံး ဝင်ရောက်တာ ဖြစ်ပါတယ်။
ဒီ မတိုင်ခင် ဝင်ရောက်ခဲ့တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံတို့ကတော့ မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်ဖျက်သိမ်းရေး အမေရိကန်က ဖိအားပေးနေတာကို ထောက်ခံကြောင်း ပြောကြားခဲ့ကြပါတယ်။
Your browser doesn’t support HTML5