မြို့ပြပေါ်က ကျုးကျော်အိမ်ယာတွေ အရေးကိစ္စဟာ လက်ရှိတိုင်းအစိုးတွေအတွက် ကိုင်တွယ်ရခက်ခဲသိမ်မွေ့တဲ့ ပြဿနာတရပ်ဖြစ်လာပါတယ်။ ကျုးကျော်အိမ်ယာတွေ အတင်းဖျက်သိမ်းခြင်းအားဖြင့် ပြဿနာတွေပြေလည်သွားဖွယ်ရှိပါသလား၊ ဒါမှမဟုတ် ကျူးပြဿနာကို ဘယ်လိုကိုင်တွယ်သင့်ပါသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းက မအေးသန္တာကျော်နဲ့အတူရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးဇော်ရမ်း၊ သတင်းစာဆရာဦးစည်သူအောင်မြင့်တို့နဲ့အတူ ဗွီအိုအေသောတရှင်တွေ ဆွေးနွေးထားကြပါတယ်။ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5