သမ္မတအိမ်ဖြူတော်နဲ့ သတင်းမီဒီယာ
Your browser doesn’t support HTML5
သမ္မတ Donald Trump ရဲ့ ပြည်ပ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ သမ္မတ အိမ်ဖြူတော်နဲ့ သတင်းမီဒီယာတွေအကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေတာတွေကို မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အပြည့်အဝတွေ့လာနေရပါတယ်။အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က သမ္မတ Trump ရဲ့ ပြည်ပ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲကို မနေ့က ရုတ်တရက်အဆုံးသတ်လိုက်ပြီး သမ္မတအပေါ် သတင်းဌာနတွေရဲ့ ရေးသားနေပုံတွေမှားနေတယ်လို့ အပြစ်တင်သွားပါတယ်။ VOA သတင်းထောက် Bill Gallo သတင်းပေးပို့ထားတာကို ဦး သိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။