NLD အစိုးရ တနှစ်တာ ကိုယ်တွေ့

Your browser doesn’t support HTML5

NLD အစိုးရ တနှစ်တာ ကိုယ်တွေ့

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ NLD အစိုးရသက်တမ်း တနှစ်တာကာလအတွင်း အဂတိလိုက်စားမှုကျဆင်းတာအပါအဝင် ဒေသန္တရချုပ်ရေးဘက်မှာတိုးတက်မှု တချို့ရှိပေမဲ့ နိုင်ငံရေးနဲ့စီမံခန့်ခွဲရေးပိုင်းတို့မှာ စိတ်ပျက်စရာတွေကြုံနေရတယ်လို့ မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သုံးသပ်ပါတယ်။ NLD အစိုးရတက်ခါစအချိန်မှာရော သက်တမ်းတနှစ်ပြည့်ချိန်မှရော VOA ရန်ကုန်ရုံးခွဲမှာ သွားရောက်တာဝန်ယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ Clean government ခေါ်တဲ့ သန့်ရှင်းတဲ့အစိုးရအပိုင်းမှာတော့ ခေါင်းဆောင်ပိုင်း အဂတိလိုက်စားမှု ကင်းစင်သွားတယ်။ အောက်ပိုင်းမှာလည်း အထိုက်အလျောက် လျော့ကျသွားတာက NLD အစိုးရရဲ့ အားသာချက်တရပ်အနေနဲ့ ကျမ ရှုမြင်ပါတယ်။ ဒါပေမဲ့ Good government လို့ခေါ်တဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတော့ အားနည်းဆဲပဲလို့ ကျမအနေနဲ့ သုံးသပ်လို့ရပါတယ်။ လူကိုမကြည့်နဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုတဲ့အခါမှာ အဲဒီ စီမံခန့်ခွဲမှုလုပ်တဲ့လူတွေမှာ စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်က အတော်လေး လိုအပ်နေတယ်လို့ ကျမ သုံးသပ်လို့ရပါတယ်။ အဲဒါကြောင့် အားမလိုအားမရ ဖြစ်ကြတာ အများကြီးတွေ့ရပါတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ နောက် အဲဒီလိုပဲ သိသာထင်ရှားတဲ့ တိုးတက်မှုလေးတွေကို ပြောပြပါအုံး။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ကုန်တိုင်းဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင်က ပြုပြင်ပြောင်းလဲချင်တဲ့ဟာလေးတွေကို စလုပ်ခဲ့တာ တွေ့ရပါတယ်။ ပြည်သူလူထုအများစုကလည်း သူစလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတာ ရှိသလို၊ တချို့ကလည်း အသိအမှတ်မပြုရုံတင်မကဘဲ၊ အပြစ်တင်တဲ့လူတွေလည်း ရှိပါတယ်။ မကွေးတိုင်းတို့ ဘာတို့မှာလည်း ဝန်ကြီးချုပ်က အင်မတန်ကို အလုပ်ကို ဖိဖိစီးစီးလုပ်တယ်။ အသံတော့ မကြားရဘူး။ ဒါပေမဲ့ အလုပ်ဖြစ်တယ်ဆိုပြီးတော့ လမ်းတွေလည်း အရမ်းကောင်းလာတယ်။ စနစ်တကျ စီမံခန့်ခွဲနိုင်တယ်ဆိုပြီး ချီးကျူးတာတွေ ရှိပါတယ်။ တချို့ပြည်နယ်တွေကြတော့လဲ လုပ်ပိုင်ခွင့်ကို အသုံးမချတတ်ဘဲနဲ့ လစ်ဟင်းတာတွေ အများကြီးရှိတာပေါ့။ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ခြုံပြီးပြောရရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လုပ်ပိုင်ခွင့်အာဏာပေးတဲ့ နေရာမှာ ပြတ်သားမှုမရှိတာပဲလား။ ဒါမှမဟုတ် အောက်ခြေပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ လူတွေကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်နေတာလား မပြောတတ်ဘူး။ သူတို့မှာ လုပ်ပိုင်ခွင့် မရှိသလိုမျိုး အားလုံးက မြင်နေကြတယ်။ လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ခွဲဝေပေးမှုအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မှာ အင်မတန်မှ အားနည်းနေတယ်လို့ ကျမ သုံးသပ်ပါတယ်။ ဒါက ကျမကိုယ်ပိုင်အမြင်ပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က အာဏာလုပ်ပိုင်ခွင့်ကို ခွဲမပေးတာလား။ အောက်ကလူတွေကပဲ တာဝန်မယူရဲတာလား ဘယ်လို သုံးသပ်လိုပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ ဥပမာလေးတခု ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ရှိပေမယ့်လဲ သူတို့ရဲ့အသံ ဒီနေ့အထိ ကျမတို့ သတင်းမီဒီယာမှာ ဘယ်သူမှ မကြားရသေးပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်ဆိုရင် ဘာပဲပြောပြော Power Delegate လုပ်ပိုင်ခွင့်ပေးတာ ပြတ်သားသလိုမျိုး ရှိခဲ့တာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီအကြောင်းရင်း ကျနော် အခုနမေးတဲ့ မေးခွန်းပဲ ပြန်မေးရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှဲမပေးချင်တာလား။ သူတို့ကိုယ်တိုင်က တာဝန်ယူပြီး မလုပ်ရဲတာလား။ ဘယ်လိုယူဆပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမအမြင်ပြောရရင် ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ အစိုးရလက်အောက်မှာ ဗျူရိုကရက်တွေ အစိုးရဝန်ထမ်းတွေ လုပ်ခဲ့တယ်ဆိုလို့ရတယ်။ စစ်အစိုးရလက်အောက်မှာ နေခဲ့ရတယ်ဆိုတော့ ဒီလူကြီးတယောက်ကနေ လုပ်ပါလို့ မပြောမချင်း၊ ပြောပါလို့ မပြောမချင်း သူတို့ မပြောနိုင်ဘဲနဲ့ ကြောက်စိတ်ပါတာလဲ ဖြစ်နိုင်တယ်။ သူတို့ပြောလိုက်လို့ တခုခု မှားသွားလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် စိတ်ကွက်သွားတာလဲ ဖြစ်နိုင်တယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံခြားမီဒီယာတခုမှာ သုံးသပ်တဲ့ လူတယောက်က ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံနိုင်မယ့် အလားအလာရှိသူဟာ ဖြိုးမင်းသိန်း ဖြစ်တယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ကိုယ်ပိုင် အယူအဆတွေကို ပွင့်ပွင့်လင်းလင်း တင်ပြအရဲဆုံးလူ ဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံတယ်လို့ ဆိုထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်တိုင်းကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အရည်အချင်းကလည်း မနည်းပါဘူး။ သူဟာ လူငယ်တယောက် ဖြစ်တယ်။ စစ်တပ်ဘက်ကလာတဲ့လူလည်း မဟုတ်ဘူး။ အရပ်သားလူငယ်၊ ကျောင်းသားလူငယ်ကနေ ဒီနေရာကို ရောက်လာတဲ့အခါမှာ ဒါဟာ ငါလုပ်ပြမှဖြစ်မယ်။ ပြတ်ပြတ်သားသား လုပ်မှဖြစ်မယ်ဆိုပြီးတော့ အရဲစွန့်ပြီး လုပ်ခဲ့တာ။ ဘာပဲပြောပြော အတိုင်းအတာတခုအထိ ခရီးရောက်တယ်လို့ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လဲ ဒါကို Appreciate လုပ်တယ်လို့ ကြားရပါတယ်။ တခြားပြည်နယ်တွေ၊ တိုင်းတွေက ဝန်ကြီးချုပ်တွေအနေနဲ့လည်း သူ့ရဲ့နမူနာလေးကို ယူပြီးတော့ ပြောင်းလဲသင့်တာကို ရဲရဲဝံ့ဝံ့ ပြောင်းပြဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ပင်လို့ရတယ်လို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကြောက်နေတာကလဲ ကျမတို့အမြင်ကို ပြောတာပေါ့။ တကယ်လဲ ဟုတ်ချင်မှဟုတ်မှာပါ။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကော ဘယ်လောက်ရှေ့ကို တိုးပါလဲ။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်တုန်းက ပေးခဲ့တဲ့ ကတိ - ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စတခု ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုအခြေအနေကတော့ ခြေတလှမ်းမှ မတိုးဘဲ နောက်ကို နှစ်လမ်းပြန်ဆုတ်နေတယ်လို့ ကျမ မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အခုလောလောဆယ် တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတယ်။ နောက်ပြီးတော့ ဗမာလူမျိုးကြီးဝါဒအရ သူတို့ကို ခွဲခြားဆက်ဆံနေတယ်ဆိုတာ ဒီကနေ့အထိ တိုင်းရင်းသားလူမျိုးအသီးသီးမှာ ရှိနေတဲ့ ခံစားချက်ပါ။ နောက်ပြီးတော့ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်ကို မေးဖူးပါတယ်။ မေးတဲ့အခါမှာ ဦးအောင်ကြည်ကပြောတာ “တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာ နည်းဗျူဟာအရ ဖြစ်နေတာပါ။ အခု လုပ်နေတဲ့ လုပ်ငန်းစဉ်ကြီးက မဟာဗျူဟာအရ လုပ်နေတာပါ” တဲ့။ အဲဒီတော့ တိုက်ပွဲတွေဟာ တစုံတခုသော နယ်မြေပိုင်ဆိုင်မှုကို အခြေခံတယ်။ နယ်မြေကျူးကျော်မှုကို အခြေခံတယ်။ အဲဒီတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးဖြစ်တဲ့ မဟာဗျူဟာကိုတော့ အနည်းအကျဉ်းသာ ထိခိုက်မှုရှိပြီးတော့ လုံးဝဒီတိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ပျက်သွားနိုင်တယ်ဆိုတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျမတို့ လက်တွေ့မြင်နေရတဲ့ အခြေအနေမှာ တိုင်းရင်းသားတွေဘက်က ခံစားရတဲ့ နားကျည်းချက်တွေ - ဥပမာဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ခေါ်တဲ့ လေးဖွဲ့ဆိုရင် စစ်တပ်ကနေ မတူသလို မတန်သလို ဆက်ဆံတယ်။ သူတို့ကတော့ စားပွဲဝိုင်းကို ခေါ်စရာမလိုဘူးဆိုတဲ့ ခံစားချက် အဲဒါရှိနေတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရယူတဲ့ကိစ္စမှာ တန်းတူအခွင့်အရေး မရသေးသရွေ့ ငြိမ်းချမ်းရေးက ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း ပြောသလို ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်က မရွေ့ဘူးလို့ ပြောကြပါတယ်။ တချိန်တည်းမှာ စစ်တပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လွန်ဆန်ပြီးတော့ ပြောပိုင်ခွင့်မရှိဘဲနဲ့ စစ်တပ်ရဲ့ လေသံအတိုင်းလိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောတာတွေကိုလည်း သုံးသပ်ကြပါတယ်။ အဲဒါကော ဘယ်လိုသုံးသပ်လိုပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ စစ်တပ်အကြောင်း ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံကို မပြင်သရွေ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကတော့ မြန်မာနိုင်ငံမှာ အမြဲတမ်း လွှမ်းမိုးနေအုံးမှာပါ။ အမှန်ကတော့ တပ်မတော်ဆိုတာ ပြည်သူပြည်သားအားလုံးရဲ့ အသက်အိုးအိမ်စည်စိမ်ကို အကာအကွယ်ပေးရမယ်။ လုံခြုံမှုရှိအောင် အကာအကွယ်ပေးရမယ်။ ဒါပေမဲ့ အဲဒါလေးက မည်ကာမတ္တ ဖြစ်နေပြီးတော့ သူတို့ပါချင်တာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ တပ်မတော်အနေနဲ့ ဦးဆောင်ပြီး ပါချင်တယ်ဆိုတဲ့ လေသံမျိုးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြောခဲ့တာ ရှိပါတယ်။ အဲဒီအခါကြတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလဲ တပ်မတော်နဲ့ အလိုက်သင့် အလျားသင့် ဆက်ဆံနေရတဲ့ပုံ မြင်နေရတယ်။ တပ်မတော် စိတ်ကွက်သွားမှာကို သူ့အနေနဲ့ သိပ်ပြီးတော့ မလိုလားတဲ့ပုံစံ မြင်နေရတယ်ရှင့်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆိုရင် ကျေးလက်အထိတောင် သြဇာလွှမ်းမိုးမှုက ရှိနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာဟာ အဲဒီနေရာကို သက်ရောက်မှု လုံးဝမရှိပါဘူး။ သမ္မတကြီးဦးထင်ကျော်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ တပ်မတော်ကို နောက်ဆုတ်စေဖို့ကလဲ ဖွဲ့စည်းပုံပြင်မှရမယ်။ အဲဒီကိစ္စကလဲ လုံးဝမထိနိုင်၊ မတိုးနိုင်တော့ဘူးအခါမှာ။ ကျနော် တလောက ဦးဉာဏ်ဝင်းကို မေးတော့ ဦးဉာဏ်ဝင်းက သူတို့အစိုးရ တက်လာတဲ့အခါမှာ အခက်အခဲဟာ မျှော်လင့်တာထက် အများကြီး ကြီးမားပါတယ်တဲ့။ အဓိက စစ်တပ်က ပါဝင်နေခြင်း၊ ဖွဲ့စည်းပုံကို မပြင်နိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒါကို မပြင်နိုင်သရွေ့တော့ စောစောက အခြေအနေမျိုး ရှေ့ကို ရွေ့လာစရာအကြောင်း မရှိဘူးပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ NLD တစိုက်မတ်မတ် ကြိုးစားလာခဲ့တာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ တစိုက်မတ်မတ် ကြိုးစားလာခဲ့တာ။ (၁) နှစ်သာပြည့်သွားတယ် လွှတ်တော်တွေမှာ ကျမတို့ ကြည့်နေတဲ့အခါမှာ တခြားဥပဒေအမျိုးမျိုးသာ ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ်။ အထိုက်အလျောက် ပြင်ဆင်နိုင်ခဲ့တဲ့ ဥပဒေတွေရှိတယ်။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အဓိကကျတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြင်ဖို့ဟာကတော့ နှမ်းတစေ့လောက်တောင်မှ အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ကျမ မြင်ပါတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ နောက် နိုင်ငံရေးကိစ္စတွေထဲမှာ အရေးကြီးဆုံးကိစ္စက နိုင်ငံတကာက အများကြီးဝေဖန် ရှုတ်ချနေတဲ့ကိစ္စက ရခိုင်ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကော အလားအလာ ဘယ်လောက်ကောင်းနိုင်တယ်လို့ ထင်ပါလဲ။ အဓိက အခက်အခဲ ဘာဖြစ်နေပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ မူစလင်အသိုင်းအဝိုင်း အဲဒီ မူစလင်အသိုင်းအဝိုင်းနဲ့ ဒေသခံမူရင်း ရခိုင်တိုင်းရင်းသားတွေကြားက ပြဿနာကတော့ တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ရှိနေဆဲပါ။ ဘာဖြစ်လို့လဲဆိုတော့ မူစလင်အသိုင်းအဝိုင်းက ရခိုင်ပြည်နယ်ကနေ အပြင်ကိုလည်း ထွက်လို့မရဘူး။ အဲဒီမှာပဲ ချောင်ပိတ်မိနေတဲ့သဘော ဖြစ်နေတယ်။ ပြီးတော့ သူတို့ကို မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေတွေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် ပေးပြီးတော့ မြန်မာနိုင်ငံထဲကို ဖြန့်ပြီးတော့ သွားနိုင်မယ်ဆိုလို့ရှိရင် ဘာပဲပြောပြော ရခိုင်ပြည်နယ်ရဲ့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ အထိုက်အလျောက်ပြေလည်သွားလိမ့်မယ်လို့ ကျမ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်တိုင်းရင်းသားတွေက စိတ်ထဲမှာ ဖြစ်နေတာက သူတို့တွေကလဲ ဆင်းဆင်းရဲရဲ နေကြတယ်။ မူစလင်အသိုင်းအဝိုင်းကို ကူညီဖို့ဆိုပြီးတော့ နိုင်ငံတကာက အသိုင်းအဝိုင်းကနေ လာပြီးတော့ ပေးနေတဲ့ အကူအညီတွေကလည်း များသောအားဖြင့် မူစလင်အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး၊ မူစလင်အသိုင်းအဝိုင်းကို အာရုံထားပြီး ပေးနေတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ရခိုင်ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ သူတို့လည်း ဆင်းရဲတာပဲ၊ သူတို့မှာလဲ စာသင်ကျောင်းတွေ မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မလုံလောက်ဘူး။ ဒါပေမဲ့ တကယ်ဝိုင်းပြီးတော့ ပေးနေတာက မူစလင်အသိုင်းအဝိုင်းပဲ ဖြစ်နေတယ်ဆိုတော့ ရခိုင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုပဲပြောပြော မခံချိမခံသာ ဖြစ်ရတာပေါ့။ ဗမာတပြည်လုံး ခံစားရမယ့် ဝေဒနာအားလုံးကို မူစလင်အသိုင်းအဝိုင်းနဲ့အတူတူ နေနေရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်က အင်မတန်မှ နားကျည်းမှုလည်း ကောင်းပါတယ်။ အဲဒါကြောင့်မို့ သူတို့တတွေ ချောင်ပိတ်မိသလို ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့တွေကို တကယ်လို့ ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှုဥပဒေအရ ဥပဒေနဲ့အညီ ပေးလို့ရတဲ့ အရည်အချင်းပြည့်မီတဲ့လူကို ပေးတဲ့အခါမှာ သူတို့တွေကို မြန်မာနိုင်ငံထဲကို လွတ်လပ်စွာ သွားလာခွင့် ပေးခဲ့မယ်ဆိုလို့ရှိရင် ဘာပဲပြောပြော အထိုက်အလျောက် ပြေလည်လိမ့်မယ်လို့ ကျမ ထင်ပါတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေး၊ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝ ဘယ်လောက် တိုးတက်လာသလဲ။ အလုပ်အကိုင် ပိုရလာကြသလား။ နည်းနည်းပြောစေချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ ဟိုတယ်အသစ်တွေဆောက်တယ်။ စားသောက်ဆိုင်အသစ်တွေ ပေါ်လာတယ်။ ပြီးတော့ Shopping Center ကြီးတွေ Shopping Mall ကြီးတွေ ပေါ်လာတယ်။ ဘာပဲပြောပြော မြန်မာပြည်သူလူထုက အရင်တုန်းကထက်စာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးတိုးတက်လာတာ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ပညာရေး၊ ကျန်းမာရေးကော ဘယ်လိုရှိပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ပညာရေးကဏ္ဍက အခုထက်ထိ စနစ်တခု စမ်းသပ်လိုက်၊ မအောင်မြင်လိုက်။ နောက်တခု စမ်းသပ်လိုက်နဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ ဘဝက အစမ်းသပ်ခံအဆင့်မှာပဲ ရှိနေဆဲပဲလို့ ကျမ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျန်းမာရေးကော…

ဒေါ်ခင်စိုးဝင်း ။ ။ ကျန်းမာရေးကတော့ ရန်ကုန်မြို့ကြီးမှာ ပုဂ္ဂလိဆေးရုံတွေ အများကြီး ပေါ်လာတယ်။ ပိုက်ဆံတတ်နိုင်တဲ့ လူတန်းစားအတွက်ကတော့ ပုဂ္ဂလိဆေးရုံတွေက ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအတွက်က ကောင်းကောင်းကြီး ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆင်းရဲသားလူတန်းစားအတွက်ကတော့ ကိုယ်ပိုင်ဆေးခန်းလေးတွေ၊ ပုဂ္ဂလိဆေးခန်းလေးတွေကို သွားမယ်။ ရန်ကုန်ဆေးရုံကြီးကို သွားပြီးတော့ ကုသခံမယ်။ ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာလည်း လူနာတွေက များတဲ့အခါကြတော့ ဝန်တဲ့အားမမျှဘဲနဲ့ ဝန်ဆောင်မှုပေးတဲ့ အပိုင်းမှာတော့ အားနည်းနေပါတယ်။ ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာတော့ အတော်လေး တိုးတက်လာတာကို တွေ့ရပါတယ်။ ရောက်ရောက်ချင်း ဘယ်လူနာမဆို လူမျိုးမရွေး၊ ဘာသာမရွေး အကုန်လုံးကို မျှမျှတတ ဝန်ဆောင်မှုပေးနေတာ တွေ့ရလို့ ကျမ စိတ်ချမ်းသာရပါတယ်။

ဦးကျော်ဇံသာ ။ ။ မမေးမဖြစ် မေးချင်တဲ့ကိစ္စတခုကတော့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ပါ။ မီဒီယာ လွတ်လပ်ခွင့် ဘယ်လောက် ရှိလာပါလဲ။ အစိုးရက မီဒီယာတွေအပေါ် ဘယ်လောက်အထိ အလေးအနက် ထားပါလဲ။ အရေးတယူ လုပ်ပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ကတော့ အရမ်းကို မျှော်လင့်ခဲ့တာပေါ့။ အရပ်သားအစိုးရ တက်လာလို့ရှိရင်တော့ ကျမတို့ မီဒီယာလောကသားတွေ ပိုပြီးလွတ်လပ်လာမယ်။ ပိုပြီးတော့လဲ သတင်းတွေကို ချက်ကျလက်ကျ အချိန်နဲ့တပြေညီ သက်ဆိုင်ရာကနေ ရရှိလိမ့်မယ်လို့ ကျမတို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ကျမတို့ မျှော်လင့်ချက်ကြီးကလဲ သိပ်ကြီးနေတာလားတော့ မသိဘူး။ အရင်အစိုးရလက်ထက်တုန်းကထက်တောင်မှ ပိုပြီးခက်ခဲတာတွေ ရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ဝန်ကြီးဌာနတွေကတော့ တယ်လီဖုန်းလှမ်းဆက်လိုက်လို့ရှိရင် ဖြေတဲ့ဝန်ကြီးဌာနတွေ ရှိပါတယ်။ ဒါပေမဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူတွေဆိုပြီး ခန့်ထားပေမယ့်လဲ တခါတလေ တချိုု့ဝန်ကြီးဌာနတွေက လုံးဝမပြောရဲမဆိုရဲတဲ့လူတွေ အများကြီးနဲ့ မီဒီယာတွေ ဆက်ဆံနေရတယ်။ ပြီးတော့ သတင်းအချက်အလက် ရယူပိုင်ခွင့်နေရာမှာလဲ ဒီကနေ့အထိ တိုးတက်မှုမရှိသေးပါဘူး။ ၆၆(ဃ) ဆိုတဲ့ ပုဒ်မအရလည်း အခုတော်တော်လေးကို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။