မြန်မာအပေါ် အမေရိကန်ရဲ့သဘောထား မပြောင်းလဲ
Your browser doesn’t support HTML5
အမေရိကန်အစိုးရအသစ်အပြောင်းအလဲမှာ အစိုးရကရော၊ ကွန်ဂရက်လွှတ်တော်ကပါ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အခိုင်အမာ ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ သံအမတ်ကြီး Scott Marciel က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေအဆုံးသတ်ပြီး၊ ဒုက္ခသည်တွေစီ စာနာမှုအကူအညီတွေပို့ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်း ၂ ခုအကြား ယုံကြည်မှုတည်ဆောက်ကြဖို့နဲ့ စုံစမ်းစစ်ဆေးရေးတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။ အယ်ဒီတာဒေါ်ခင်စိုးဝင်းက အမေရိကန်သံအမတ်ကြီး Scot Marciel ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။