သေမင်းတမန် ရထားလမ်းအကြောင်း ပြတိုက်
Your browser doesn’t support HTML5
ဒုတိယ ကမ္ဘာ့စစ်အတွင်း မြန်မာနဲ့ ထိုင်းနိုင်ငံ ကြား သေမင်းတမန် မီးရထားလမ်းတည်ဆောက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပေမယ့် အတိတ်က ဖြစ်ရပ်ဆိုးတခုအနေနဲ့ အားလုံးက သိရှိထားတာပါ။ ဒီရထားလမ်း ဖောက်လုပ်ခဲ့စဉ်အတွင်းမှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတာကြောင့် ကမ္ဘာကျော်တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် နောက်လာ နောက်သားတွေ ဒီလိုမျိုး သမိုင်းဖြစ်ရပ်တွေ သိရှိစေဖို့ရည်ရွယ်ပြီး ဒီမီးရထားလမ်း အစပြုခဲ့တဲ့ မွန်ပြည်နယ် သံဖြူဇရပ်မှာ ပြတိုက်တစ်ခုလည်း ဖွင့်လှစ်ထားပါတယ်။ သေမင်းဆီကို ခေါ်ဆောင်တဲ့ လမ်း ဒါမှမဟုတ် သေမင်းတမန် မီးရထားလမ်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီမီးရထားလမ်းအကြောင်း ဒီတစ်ပတ် မြန်မာ တစ်ခွင်အစီအစဉ်မှာ ကိုထက်အောင်နဲ့အတူ လေ့လာကြည့်ကြရအောင်ပါ။