သံတမန်ရေးအရ အခြေတင်ငြင်းခုံဆွေးနွေးမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ၊ အန္တာတိကတိုက်မှာ ကမ္ဘာအကြီးဆုံး သမုဒ္ဒရာရေအောက်ကြိုးဝိုင်း ကြီးတခု ဖန်တီးဖို့ သမိုင်းဝင်သဘောတူညီမှုကို ရရှိသွားပြီဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ Hobart မြို့မှာ ကျင်းပတဲ့ အန္တာတိကသမုဒ္ဒရာရေအောက် သက်ရှိအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေး နှစ်ပတ်လည် ညီလာခံမှာတော့ ရုရှားနိုင်ငံကလည်း ဒီသဘောတူညီချက်ကို သဘောတူခဲ့ပါတယ်။ရုရှားနိုင်ငံဟာ ဒီသဘောတူညီချက်ကို နှစ်ပေါင်းများစွာသဘောမတူဘဲအတိုက်အခံလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို အဖွဲ့ဝင်နိုင်ငံ ၂၄ နိုင်ငံ နဲ့ ဥရောပသမဂ္ဂတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်က အန္တာတိတ်ဒေသအတွက်တင်မဟုတ်ဘဲ၊ ကမ္ဘာ့သမုဒ္ဒရာရေအောက် အရင်းအမြစ်ကြီးကို အားပေးဖို့ ကြိုးပမ်းချက်အတွက်လည်း အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
Ross ပင်လယ်ထဲမှာ ထိန်းသိမ်းကာကွယ်သွားမယ့် ဧရိယာအတွက် သဘောတူစာချုပ်အရ၊ စတုရန်းကီလိုမီတာ ၁.၅၅ သန်းကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ဒီဧရိယာပမာဏက ဗြိတိန်၊ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံ ၃ ခုပေါင်းစာနဲ့ ညီမျှပါတယ်။ ဒါ့အပြင် ဧရိယာ ၁.၁၂ သန်း စတုရန်းကီလိုမီတာကိုလည်း ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်။
ပင်ဂွင်းငှက်တွေ၊ ဖျံတွေ၊ ဝေလငါး စတဲ့ ရေသတ္တဝါအတော်များများ နေထိုင်ကြတဲ့ အဲဒီ Ross ပင်လယ်ပြင်ဟာ - ကမ္ဘာပေါ်မှာ ခြေရာလက်ရာမပျက် ပကတိအတိုင်း နောက်ဆုံးကျန်ရှိနေတဲ့ အဏ္ဏဝါဂေဟစနစ်တွေထဲကတခုဖြစ်ပါတယ်။
Your browser doesn’t support HTML5