မြန်မာ့ရေအရင်းအမြစ်

မြန်မာ့ရေအရင်းအမြစ်

မြန်မာနိုင်ငံဟာ သစ်တောတွေ တောင်တန်းတွေ ကုန်းမြင့်တွေအပြင် ချိုင့်ဝှမ်းမြေပြန့်တွေနဲ့ ရေမြေဒေသ သာယာလှပတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း သံလွင် စစ်တောင်းမြစ်မကြီးတွေသာမက ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ မြေပေါ်ရေအရင်းမြစ် ကောင်းတွေရှိနေသလို မြေအောက်ရေ အရင်းမြစ်ကောင်းတွေပေးနိုင်တဲ့ Basin လို့ခေါ်တဲ့ ချိုင့်ဝှမ်းကြီးတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် သောက်သုံးရေသန့် ရရှိမှုနဲ့ ကျန်းမာသန့်ရှင်းရေးအတွက် သုံးရေကိုတော့ မြန်မာနိုင်ငံသားအများစုအတွက် လုံလုံလောက်လောက် မရရှိပဲ နိုင်ငံတကာစံနှုံးနဲ့ ကြည့်ရင် သိပ်ကိုနိမ့်ကျနေတာတွေ့ရတယ်လို့ WEPA အာရှဒေသ ရေအရင်းမြစ်ဆိုင်ရာအဖွဲ့က ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ၁၇၈၀နှစ်တွေအတွင်း မြန်မာနိုင်ငံတဝှမ်းရေရရှိရေးဆောင်ရွက်ချိန်က ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကနေဒါတက္ကသိုလ်က ဒေါက်တာဗိုလ်မြင့်ဝင်းကို မြန်မာနိုင်ငံတွင်း မြိုနယ်၊ ကျေးရွာနဲ့ စိုက်ကွင်းတွေကို ရေပေးဝေတာနဲ့ မြန်မာ့ မြေအောက်ရေသိုက်ကြီးတွေဖြစ်တဲ့ Basin ချိုင့်ဝှမ်းတွေ တည်ရှိရာနေရာတွေကို မေးမြန်းတင်ပြထားပါတယ်။