သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာတိတ်ဒေသ သိပ္ပံသုတေသနနဲ့ တရုတ်ပါဝင်မှု 


China's projects in the Arctic
China's projects in the Arctic

[[Zawgyi/Unicode]]

ရေခဲပြင်ဖုံးနေတဲ့ မြောက်ဝင်ရိုးစွန်းက အာတိတ်စက်ဝန်းဒေသမှာ ရေခဲတွေ အရည်ပျော်နှုန်းက မကြာခင်နှစ်တွေအတွင်း သိသိသာသာ မြန်လာနေတယ်လို့ တရုတ်သုတေသနစာတမ်းမှာ တွေ့ရပါတယ်။ ကမ္ဘာတလွှား စစ်ပွဲတွေနဲ့အလုပ်များနေချိန်မှာ တရုတ်က အာတိတ်ဒေသမှာ သုတေသနကို ထဲထဲဝင်ဝင်လုပ်လာနေတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်လာနေတာပါ။ ဘာ့ကြောင့်ပါလဲ။ ဂျပန်အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။


တရုတ်ဟာ အာတိတ်စက်ဝန်းဒေသမှာ သုတေသနစခန်းတွေချပြီး သုတေသနလုပ်နေတာ အများကြီး ရှိပါတယ်။ အခုလို အာတိတ်စက်ဝန်းဒေသမှာ တရုတ်ရဲ့သုတေသနလုပ်နေတာ တွေနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ တရုတ်နဲ့ သုတေသနတွေတွဲလုပ်နေသူတယောက် အနေနဲ့ တရုတ်ရဲ့ အာတိတ်ဒေသက သုတေသနလုပ်ရပ်တွေအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ တရုတ်ရဲ့ အာတိတ်ဒေသကိုစိတ်ဝင်စားတယ်ဆိုတာ သတင်းတွေမှာ တက်လာတာကတော့ ၂၀၁၈ ပေါ့နော်။ အခု လက်ရှိသမ္မတရှီကျင့်ပင် တက်လာပြီးတဲ့နောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ပြင်ကိစ္စကလည်း တော်တော်လေးကိုဖြစ်လာပြီးတော့ တကမ္ဘာလုံးက ကန့်ကွက်တဲ့အထိ ဖြစ်လာတဲ့အချိန်မှာပဲ သူတို့ ပိုးလမ်းမကြီးအတွက် အတိအကျ plan တွေ အစီစဉ်တွေပေါ်လာပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာပေါ့နော်။ တကမ္ဘာလုံးကို ကြေညာလိုက်တယ်။ အဲဒီအချိန်မှာပဲ သူပြောလိုက်တဲ့ဥစ္စာ တကမ္ဘာလုံးက သတိထားမိသွားတာက တရုတ်နိုင်ငံဟာ အာတိတ်နဲ့အနီးဆုံးနိုင်ငံ Near Arctic State ဆိုပြီးတော့ ထွက်လာတဲ့ အခါ အားလုံးကဝိုင်းပြီးတော့ပြောတာက - အာတိတ်စက်ဝန်းထဲမှာရှိတဲ့နိုင်ငံနဲ့ အာတိတ်စက်ဝန်းအပြင်မှာရှိတဲ့နိုင်ငံဆိုပြီး အခုချိန်အထိ သတ်မှတ်ထားတဲ့အနေထား ၂ မျိုးက လွဲပြီးတော့ တရုတ်ပြောတဲ့ Near Arctic မှာရှိတဲ့နိုင်ငံဆိုပြီး လက်မခံနိုင်ဘူးဆို အကုန်လုံးက ဝိုင်းပြီး ပြောကြတယ်။
နောက်ပြီး သူ့ရဲ့ အာတိတ်ပင်လယ်နားရှိတဲ့နိုင်ငံဆိုပြီး လက်မခံနိုင်ဘူး-ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်းပြင်းထန်ထန် ပြောလိုက်တယ် ခင်ဗျ။ အဲဒီကနေပြီးတော့ ဇာတ်လမ်းတွေ စလာတာပါ။

မေး။ ။ ဘာကြောင့် အာတိတ်စက်ဝန်းမှာ တရုတ်က သုတေသနလုပ်တာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အာတိတ်ဒေသမှာ ရေခဲတွေပျော်ပြီးတော့ သင်္ဘောလမ်းကြောင်း ကြီးတွေ ဖြစ်လာမယ်။ သမိုင်းလျှောက်လုံးကိုကြည့်ရင် အာတိတ်မှာ ရေခဲမရှိတဲ့အချိန်နဲ့ ဒီလို စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ဟာမျိုးက မလုပ်နိုင်သေးတဲ့ အခြေနေမို့လို့ သယံဇာတတွေလည်း အများကြီးရှိနေမယ်။ အနည်းဆုံးတော့ ငါးတွေ အများကြီးရမယ်ဆိုတဲ့ဟာမျိုး တကမ္ဘာလုံးကို ငါးလည်ဖမ်းနေတဲ့ တရုတ်ကပေါ့နော်။ သူ့အတွက်တော့ အင်မတန် စိတ်ဝင်စားစရာပါ။ ဂျပန်၊ ကိုရီးယားလိုမျိုး နိုင်ငံတွေတောင် ထဲထဲဝင်ဝင်နဲ့ ဟိုမှာ non perminant member ဆိုပြီးတော့ အာတိတ်ကောင်စီမှာ ပါနေတဲ့အခြေနေမျိုးမှာရှိတယ်ဆိုတော့လေ။ သူက လက်ခံနိုင်တဲ့အခြေနေ ရှိပါတယ်။

ဒါပေမယ့် သူလုပ်နေတဲ့ သုတေသနနဲ့ နောက်ဆက်တွဲပေါ့နော်။ ဖြစ်လာတာက ဥပမာ မြေရှားသတ္တု rare-earth က ကမ္ဘာ့ရဲ့ ၄၀ % လောက်ရှိတဲ့ ဂရင်းလန်မှာ- သူက တူးဖို့ဆိုပြီး စာချုပ်တွေ ဘာတွေ ချုပ်လာတယ်။ စာချုပ် ချုပ်တဲ့အချိန်ကလည်း တရုတ်က တကမ္ဘာလုံးမှာ လုပ်တဲ့ပုံစံအတိုင်း - ဒီ အစိုးရတွေကို နောက်ကွယ်ကနေပြီးတော့ ညှိနှိုင်းတဲ့ပုံမျိုးတွေ လုပ်လာတာမျိုးတွေက အားလုံးလန့်လာတဲ့ အနေထားမျိုးတွေပါ။

မေး။ ။ ဆိုတော့ တရုတ်က ဒီအာတိတ်စက်ဝိုင်းကို ဝင်လာတာ ဒီသိပ္ပံဆိုင်ရာ သုတေသန သက်သက် မဟုတ်ဘူးပေါ့နော်။ ဆိုတော့ တကယ်တမ်း တရုတ်က အာတိတ်စက်ဝိုင်းမှာ ဘာသုတေသနတွေ လုပ်တာလဲ၊ နည်းနည်း ပြောပြပေးပါ။

ဖြေ။ ။ ပြောရရင် စီးပွါးရေးအောင်မြင်လာတဲ့ ၂၀၀၀ ခုနှစ်လောက်ကတည်းကစပြီးတော့ တောင်တရုတ်ပင်လယ်မှာ အကြီးအကျယ်လုပ်တဲ့အပြင်ကို အမေရိကန်က အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်၊ ရုရှားကလည်း ယူကရိန်းနဲ့နေတိုးကို ရင်ဆိုင်ဖို့ အတွက် တအား ပြင်နေရတဲ့အချိန်မှာ၊ အားလုံး အလုပ်များနေတဲ့အချိန်မှာ သူက အာတိတ်ကို တစိမ့်စိမ့် စပြီး ဝင်လာတယ်ပေါ့နော်။

အဲဒီအချိန်မှာ သူဟာ အခုချိန်ထိရှိပြီးသား စည်းမျဉ်းစည်းကမ်းတွေကို မဖေါက်ဖျက်ဘဲနဲ့ နိုင်ငံရေးအရ သူချယ်လှယ်လို့ရမယ့်အနေထား၊ ဝင်လို့ရမယ့်အနေထားရှိတဲ့ အားနည်းတဲ့ နေရာမျိုးပေါ့နော်။ ဥပမာပြောရရင်တော့ ဒိန်းမတ်ပေါ့နော်။ ဒိန်းမတ်မှာဆို ဂရင်းလန်းက သူက သီးခြားခွဲထွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လုပ်ချင်တာ ရချင်တာ၊ သူက နယ်မြေကြီးက အကြီးကြီးပဲ။ လူကတော့ ၅ သောင်း လောက်ပဲ ရှိတယ်။ ဆိုတော့ အဲဒီလို နိုင်ငံမျိုးမှာ သူက အသာလေးသွားပြီးတော့ စီးပွါးရေးအရ ရင်းနှီးမြှုပ်နှံမယ်။ နိုင်ငံကို တိုးတက်အောင် လုပ်ပေးမယ်။ အဲဒါဆိုရင် သူက ဒိန်းမတ်ကနေ ဂရင်းလန်းက ခွဲထွက်မယ်ဆိုရင်လည်း အဆင်ပြေမယ်ဆိုတာမျိုးတွေ ပေါ့နော်။ သူက အဲဒီလိုမျိုးကလေးတွေနဲ့ဝင်တာတွေ အများကြီးပါ။ ဆိုတော့သူက အနောက်ဘက်မှာ ပြထားတဲ့မြေပုံတွေအတိုင်းပါပဲ။ သူ့ဟာက နော်ဝေးမှာ ရှိတယ်။ ဖင်လန်မှာ ရှိတယ်။ အဲဒီ ဂရင်းလန်းမှာ ရှိတယ်။ အိုက်စလန်မှာ ရှိတယ်။ နောက် ဆွီဒင်မှာလည်း ရှိတယ်။ သူက အဲဒီလိုမျိုး စခန်းတွေ ၅ ခု လောက် ဖွင့်ထားတယ်။ ဒါပေမယ့်လည်း permanent အမြဲချထားတာရယ်လို့တော့ မဟုတ်ပါဘူး။ သူက သွားလိုက်၊ သုတေသနယူလိုက် ဆိုတဲ့ဟာမျိုးပါ။ ဒါပေမယ့် ခုနမေးတဲ့ မေးခွန်းလိုမျိုး သိပ္ပံ သုတေသနအတွက် အဓိကထားလား ဆိုတာ ကြည့်ပြန်တော့ သူက သိပ္ပံစာရွက်စာတမ်းတွေ၊ သုတေသနရလဒ်တွေမှာ ကြည့်လိုက်ရင် သူ့ဥစ္စာက အနည်းဆုံးဖြစ်နေတယ်ဆိုတာ တွေ့နေရတယ်ပေါ့နော်။ အဲဒီတော့ သူ့ဟာက ရိုးသားရဲ့လားဆိုတာကို ထောက်ပြတဲ့အချက်လက်တွေလည်း အခုချိန်မှာ ထွက်လာနေပါတယ်။

မေး။ ။ ဒီအာတိတ်ဒေသက ရေခဲပြင်ဖုံးတဲ့ ဒေသပေါ့နော်။ အခုလက်ရှိ တရုတ်ရဲ့ သုတေသနအရဆိုရင် ရေခဲအရည်ပျော်နှုန်းတွေ သိပ်ပြီး မြန်လာတယ်လို့် သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ ကျန်ခဲ့တဲ့ တလ ၂ လ လောက်က နောက်ဆုံးထွက်တဲ့ သုတေသနစာတမ်းအရ ဆိုရင် ကျနော်တို့ သိပ္ပံပညာရှင်တွေ ကြိုတင်တွက်ချက်ထားတဲ့ဟာတွေထက်ကို အရမ်းကို မြန်တယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ ပေါ့နော်။ ၁၉၇၉ ကနေ ၂၀၂၀ အထိ ကြားထဲမှာ အနှစ် ၄၀ အတွင်းမှာ ၄ ဆ လောက် အပူချိန်တိုးမှုက မြန်လာတယ် ဆိုတဲ့ သဘောပါ။ ရာသီဥတု ဖေါက်ပြန်လို့၊ ကမ္ဘာကြီးပူနွေးလာလို့ မြောက်ဝင်ရိုးစွန်းက ရေခဲတွေအရည်ပျော်တယ်။ ရေခဲတွေက မြန်မြန်ပျော်တဲ့အတွက်ကြောင့်မို့ တခါပြန်ပြီး ကမ္ဘာကြီးမှာ ပိုပြီး ဖေါက်ပြန်တဲ့အပိုင်းတွေ ဖြစ်လာမယ်။ ပြောင်းလဲမှုတွေ ဖြစ်လာမယ် ဆိုတဲ့ ဟာတွေပါ။

မေး။ ။ ဒီရေခဲ အရည်ပျော်နှုန်း ကဘယ်လောက် မြန်တယ်လို့ သူတို့ တွေ့ပါသလဲ။ ဘာကြောင့်လဲဆိုတော့ တခြား ဘယ်သူမှ စိတ်မဝင်စားတဲ့အချိန်မှာ သူက ဒီအာတိတ်ဒေသမှာ ဇောက်ချပြီးတော့ သုတေသနတွေလုပ်တာဆိုတော့။

ဖြေ။ ။ ကျနော်တို့ ဒီ သုတေသနရလဒ်အရဆို နဂို ၁၉၇၉ ပေါ့နော်၊ ဒီ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲပမာဏပေါ့နော်။ ဒီတနှစ်လုံး မပျော်တဲ့ရေခဲပမာဏ၊ သြစတြေးလျတိုက်ကြီးတခု အရွယ်အစားလောက် ရှိတယ်ပေါ့နော်။ စတုရန်းမီတာ ၃.၈ သန်း ရှိတယ်။ အဲဒါက အခု လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာဆိုရင် ၂. ၈ အထိ ဖြစ်သွားတယ်။ ၃၀ % နီးပါး လောက်ကို ပျော်ကျသွားတယ်ဆိုတဲ့ သဘောပါ။ အဲဒီနှုန်းကလည်း ဆက်ပြီးတက်နေအုံးမှာပါ။ အခုဆို ၂၀၅၀ က တကယ့်ကို critical အန္တရာယ်ရှိတယ်ပေါ့နော်။ အရမ်းကို အရည်ပျော်တာ အရမ်းများသွားမယ်ဆိုပြီး မှန်းထားတာ ရှိပါတယ်။ ဆိုတော့ လက်ရှိမှာကိုပဲ နွေမှာ ၃ လ လောက် သင်္ဘောတွေ ဖြတ်လို့ရတယ်။ အရင်က ဘယ်လိုမှ ဖြတ်လို့ မရတဲ့၊ ကုန်တင်သင်္ဘောတွေ ဖြတ်လို့မရတဲ့အခြေနေက နောက် ၁၅ နှစ်လောက်နေရင် တော်တော်များများကို ဖြတ်လို့ရမယ်ဆိုတဲ့ အခြေနေမျိုးကလည်း စီးပွါးရေးအရပေါ့နော်။ အကုန်လုံးက စိတ်ဝင်စားတဲ့ အဓိက အချက်တခုပါ။

မေး။ ။ အခု တရုတ်က အာတိတ်စက်ဝန်းဒေသမှာ အဓိကလုပ်လာတာ၊ သူ အန္တာတိက ဒေသ တောင်ဝင်ရိုးစွန်းဘက်မှာရော၊ သူသွားပြီးတော့ သုတေသနလုပ်တာတွေများ ရှိပါသလား။

ဖြေ။ ။ ဒီမေးခွန်းက အဓိက အချက်ပဲပေါ့နော်။ တရုတ်က သူဘာကြောင့် မြောက်ဝင်ရိုးစွန်းမှာ အရမ်းကို အာရုံစိုက်နေတယ်ဆိုတာပါ။ တောင်ဝင်ရိုးစွန်းက ၁၉၅၉ ခုနှစ်မှာပဲ ပြောရရင် တရုတ်ကွန်မြူနစ်ပါတီ အာဏာစရပြီး တရုတ်တနိုင်ငံလုံးကို စပြီးတော့ ထိန်းသိမ်းနိုင်တဲ့အချိန်မှာပဲ သူက စာရင်းပိတ်လိုက်တယ်။ နယ်မြေတောင်းခံခွင့် ဘယ်သူ့ကိုမှ မပေးတော့ပါဘူး ဆိုပြီးတော့ အားလုံး သဘောတူလိုက်ကြတယ်။ အဲဒီမှာ ရှိပြီးသားလူတွေက ပေါ့နော်။ လက်ဦးထားတဲ့သူတွေက။

၁၉၈၀ လည်းကျရော တောင်ဝင်ရိုးစွန်းမှာ အန္တာတိတ်ဒေသမှာ ဒီ သတ္တုရှာဖွေရေး၊ သယံဇာတရှာဖွေရေးတွေ အားလုံးကို ပိတ်ပင်တားမြစ်လိုက်ပြီးတော့ သိပ္ပံသုတေသနနဲ့ ငြိမ်းချမ်းရေးအတွက်ပဲ လုပ်ကြရမယ်ဆိုပြီး သတ်မှတ်လိုက်တဲ့အတွက်ကြောင့် တရုတ်က သုတေသနကိုတောင်မှ သူများမြေ၊ မှတ်မိသလောက်ကတော့ Australia ရဲ့ မြေပေါ်မှာ ငှါးပြီး သုံးတယ်ဆိုတဲ့ ပုံစံမျိုးပဲ ကြားဖူးပါတယ်။ သူ့မှာ ကိုယ်ပိုင်မြေတောင် မရလိုက်ဘူး။ အဲဒါအတွက်ကြောင့်မို့လို့လည်း အာတိတ်မှာက သူ့အတွက် အခွင့်အရေးက ကမ္ဘာမြေကြီးမှာဆို သူရစရာ မြေကြီးက ဒါနောက်ဆုံးပဲ။ နောက်ဆုံး အခွင့်ရေးမို့လို့ အရမ်းကို လိုချင်တယ်။ ကြိုးစားနေတယ်လို့ပဲ ယူဆရပါတယ်။

ဒေါက်တာမိုးကျော်သူပါ။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]

အာတိတျဒသေ သိပ်ပံသုတသေနနဲ့ တရုတျပါဝငျမှု



















XS
SM
MD
LG