သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၉ သိန်းခွဲလောက်ရှိပြီ (ကုလသမဂ္ဂ)


မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)
မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ထွက်ပြေးနေရသူပေါင်း ၉ သိန်း ၄ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုကူညီမှု ညှိနှိုင်းရေးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်က မောင်တော၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း တိုက်ပွဲတွေပိုအဖြစ်များလာတယ်လို့ ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁.၃ သန်းနီးပါးဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အဲဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီး ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ကိုးသိန်းလေးဟောင်းကျော် ရှိတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ရေးတင်းမာပြီး လက်နက်ကိုင် ပဋိပက္ခတွေ ထပ်ပေါ်ပေါက်လာတာကို အစီရင်ခံစာမှာ ထည့်သွင်းဖေါ်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ အခုချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသေးတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၅ သောင်းနီးပါး ရှိနေတာကိုလည်း အစီရင်ခံစာက ဖေါ်ပြပါတယ်။ မြောက်ဦးမြို့နယ်က စစ်ရှောင်စခန်းတခုရဲ့ တာဝန်ခံတဦးကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအတွက် လစဉ်ထောက်ပံ့တာမျိုး လိုအပ်နေတယ်လို့ ပြောပါတယ်။

"ကျန်းမာရေးကတော့ ကောင်းတယ်လို့တော့ ပြောလို့မရဘူး။ တခါတရံ ရာသီဥတုကလည်း ဖောက်ပြန်တာနဲ့ ဒီစစ်ရှောင်တွေလည်း နေမကောင်းတာတော့ ရှိတယ်။ စစ်ရှောင်တွေအတွက် ပုံမှန်ပေါ့နော်၊ ရိက္ခာတွေကတော့ အခက်အခဲက အများကြီးရှိတယ်။ လစဉ်လတိုင်း ပုံမှန်ပေါ့နော်၊ ရိက္ခာတွေကိုတော့ ထောက်ပံ့ပေးစေချင်တယ် ခင်ဗျ။"

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ဩဂုတ်လ အစပိုင်းကတည်းက တိုက် ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာပါ။ ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့် ထွက်ပြေးနေရပြီး အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့ UNOCHA က ပြောထားပါတယ်။ ဒေသခံတဦးကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီကြားက တိုက်ပွဲအခြေအနေကြောင့် စားနပ်ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရလေ့ရှိတဲ့ ပလက်ဝဒေသမှာ စစ်ဘေးရှောင်သူတွေအတွက် ရိက္ခာပိုပြီး ခက်ခဲလာတယ်လို့ပြောပါတယ်။

"ကျောက်တော်ကနေ အဲဒီပလက်ဝဘက်ပေါ့ တွီကင်းဝ၊ ပလက်ဝ၊ မီးဇာ၊ ဆမီး၊ မိတ်စာဝ အဲဒီဘက်က ရွာတွေကလည်း ၁၀၀ ကျော်ရှိနေတယ်လေ။ စားရေးသောက်ရေးကတော့ အရမ်းကို ခက်ခဲနေတယ်ဆိုပြီး ကျနော်တို့ကို ပြောတာပေါ့နော်။ ကျနော်တို့ကလည်း စားနပ်ရိက္ခာလှူတဲ့အဖွဲ့အစည်း မဟုတ်ဘူးဆိုတော့ ကျနော် တို့က သိတော့သိထားပြီး ဘာမှလုပ်ပေးလို့ မရနိုင်ဘူးပေါ့နော်။"

နေရပ်စွန့်ခွာနေသူတွေကို ဒေသခံနဲ့ နိုင်ငံတကာ မိတ်ဘက်အဖွဲ့တွေက သွားရောက်ကူညီခွင့်ရဖို့ ခက်ခဲနေတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ရေးသားဖေါ်ပြပါတယ်။ နေရာအတော်များများမှာ လုံခြုံရေးတင်းကြပ်ထားသလို ဆေးဝါးပစ္စည်းနဲ့ စားနပ်ရိက္ခာ အပါအဝင် တခြားလူသားချင်း စာနာမှုထောက်ပံ့ရေး ပစ္စည်းတွေအတွက် ရေလမ်း၊ ကားလမ်း သယ်ယူပို့ဆောင်ရေးတွေ ပိတ်ပင်ခံထားရတာကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။

=============

[[Unicode]]








XS
SM
MD
LG