သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းကြပ်လာတဲ့ အွန်လိုင်းငွေလွှဲလုပ်ငန်း  


ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်
ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ Wave Money နဲ့ KBZPay လိုမျိုး Mobile Payment နဲ့ Mobile Banking စတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို စိစစ်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက် တိတိကျကျမဖေါ်ပြဘူးဆိုရင် အကောင့်ပိတ်တဲ့အထိအရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။

ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့တာကို တားမြစ်နိုင်ဖို့ မိုဘိုင်းဖုံးကနေ ငွေကြေးလွှဲတဲ့လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။ ဒီလို စည်းကမ်းတင်းကြပ်လိုက်တဲ့အတွက် ဘဏ်တွေအပေါ်မှာ အပ်နှံသူတွေရဲ့ ယုံကြည်မှုပိုလျော့နည်းသွားနိုင်သလို လုပ်ငန်းလည်ပတ်ရတာတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မိုဘိုင်းငွေကြေးလုပ်ငန်း အားလုံးကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနေတာတွေက ငွေကြေးလုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေကြောင့် အခုလိုလုပ်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက် တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

“မိုဘိုင်းငွေပေးချေမှုတွေမှာ မသမာသူတွေဟာ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်တာမရှိဘဲ မိုဘိုင်းငွေပေးချေမှုကို မသမာတဲ့နည်းလမ်းနဲ့ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ငွေကြေးလိမ်လည်မှုတွေလုပ်ဆောင်မှုတွေရှိပါတယ်။ ဒီလိုလိမ်လည်မှုတွေကြောင့် ပြည်သူတွေနစ်နာ ဆုံးရှုံးမှုရှိတဲ့အတွက်ကြောင့်မို့ ဆက်သွယ်ဆောင်ရွက်တဲ့သူတွေအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို မှန်ကန်ပြည့်စုံစွာဖြည့် သွင်းပြီးမှသာ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိုဘိုင်းငွေကြေးလုပ်ငန်းတွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ မိုဘိုင်းငွေကြေးဖြည့်စွက်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ဆင်းမ်ကတ်တို့ကို လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အီလက်ထရောနစ် ဒေတာဘေ့စ်နဲ့ ဆက်သွယ်ရေးဆင်းမ်ကတ် မှတ်ပုံတင်ဒေတာဘေ့စ်အထိ တိုက်ဆိုင် စစ်ဆေးခြင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အချက်အလက်ထည့်တာကို ကာလတခုအတွင်း ထည့်နိုင်တာမရှိတဲ့ မိုဘိုင်းငွေသွင်းအကောင့်တွေကို အပြီးတိုင်ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။”

အချက်အလက်ထည့်တာကို ကာလတခုအတွင်းသတ်မှတ်ပြီး ပြင်ဆင်လုပ်ကိုင်ခွင့်ပေးမယ်လို့ဆိုပေ မယ့် အချိန်ဘယ်လောက်အတွင်း အပြီးသတ် လုပ်ဆောင်ရမယ်ဆိုတာကိုတော့ စစ်ကောင်စီပြောခွင့်ရက အတိအကျ ပြောဆိုခြင်း မရှိပါဘူး။ တချို့ Mobile ငွေစာရင်း Account ကိုတော့ သက်ဆိုင်ရာ ငွေကြေး ဝန်ဆောင်မှုဌာနက ချက်ခြင်းပိတ်ပစ်လိုက်တာမျိုးတွေ ရှိနေပါတယ်။ အွန်လိုင်းကနေ အထည်အလိပ်နဲ့ လူသုံးကုန်ပစ္စည်းရောင်းဝယ်မှု တွေလုပ်နေတဲ့ လုပ်ငန်းရှင်တဦးက သူ့အကောင့်ပိတ် ခံရတာနဲ့ပတ်သက်လို့ ခုလိုပြောပြတာပါ။

“ဒီစနစ်က မရှိသင့်တာမဟုတ်ဘူး ရှိသင့်တာ သိတယ်။ ဒါပေမယ့် လုပ်တဲ့သူတွေက စေတနာရှိဖို့မှန်ဖို့လိုတယ်။ ခုလုပ်တာက သူတို့ရည်ရွယ်ချက်နဲ့သူတို့ဆိုတော့ စနစ်ကမှန်ပေမယ့် ပြည်သူတွေက အကျိုးထက် အပြစ်များနေတယ်။ ချက်ချင်းသေချာမစစ်ဆေးဘဲပိတ်တယ်။ အလုပ်လုပ်နေတဲ့သူက ခက်ကုန်တယ်။ ကျနော်က အကုန် အမှန်တိုင်းတင်ထားတာ။ “အဝင်အထွက်များလို့ ” တဲ့။ ဘဏ်က လည်း သူတို့နဲ့ မဆိုင်ဘူးဆိုတာချည်းပဲ။ ခုကျနော့်ငွေရဖို့ ကျနော်မှာ စာတင်ရနဲ့ အလုပ်များရတယ်။ အဆင်မ ပြေဘူးဗျ။”

ဘဏ်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ဆီ တရားဝင်တင်ပြတာတွေလုပ်ဖို့၊ ဘဏ်မှာ ကိုယ်တိုင် လာပြီး အချက်အလက်တွေပြန်တင်ဖို့နဲ့ ငွေစာရင်းနဲ့ပတ်သက်လို့ အသေးစိတ်တင်ပြချက်တွေကို ပြန်တင်ပြတာတွေ လုပ်ရမယ်လို့ တုံ့ပြန်တဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။ တချို့ အပိတ်ခံရတဲ့သူတွေကို တရက်အကြာ ပြန်ဖွင့်ပေးတာတွေ ရှိပေမယ့် ကိုယ်ရေးအချက်အလက် စစ်ဆေးတာတွေ၊ ပြင်ဆင်တာတွေ လုပ်ဖို့လိုရင် ရက်ပိုကြာနိုင်တယ်လို့လည်း ဘဏ်တွေဘက်က အကြောင်းပြန်ထားပါတယ်။

စုဆောင်းထားတဲ့ ငွေကြေးတွေကို ဘဏ်တွေဘက်က လိုသလောက် ပြန်ထုတ်မပေးနိုင်သေးတဲ့ အချိန်မှာ အွန်လိုင်းပေါ်ကနေ ငွေကြေးပေးချေတဲ့စနစ်အပေါ် ကန့်သတ်မှုတွေ များလာရင် ဘဏ်တွေအပေါ်ပြည်သူတွေရဲ့ ယုံကြည်မှု ပို လျော့နည်း သွားနိုင်တယ်လို့လည်း သုံးစွဲသူတွေဘက်က ထောက်ပြဝေဖန်တာတွေလည်း ရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ တရားမဝင် ငွေလွှဲပြောင်းမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို ထိန်းချုပ်ဖို့ဆိုပြီး အကြောင်းပြထားပါတယ်။ လောလောဆယ်မှာတော့ စီးပွားရေးလုပ်ငန်းတချို့ လည်ပတ်ရတာ အခက်အခဲတွေ့ရကြောင်းလည်း မိုဘိုင်းငွေပေးချေမှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===============


[[Unicode]]










XS
SM
MD
LG