ဇွန်(၁၈)ရက်နေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား ဘောလုံး အုပ်စုပွဲစဉ်တွေမှာ ဆွီဒင်က တောင်ကိုရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပွဲဒုတိယပိုင်း (၆၄)မိနစ်မှာ ဆွီဒင်က ပယ်နယ်လ်တီနဲ့ အနိုင်ရခဲ့တာပါ။
ဘယ်ဂျီယံနဲ့ ပနားမားပွဲမှာ တော့ ဘယ်လဂျီယံက (၃ ဂိုး-ဂိုးမရှိနဲ့) နိုင်သွားပါတယ်။ တူနီးရှားနဲ့ အင်္ဂလန်ပွဲမှာ အင်္ဂလန်က တူနီးရှားကို (၂ ဂိုး- ၁ဂိုးနဲ့)နိုင်ခဲ့ပါတယ်။
ပွဲစပြီး(၁၁)မိနစ်မှာ အင်္ဂလန်က (၁)ဂိုး စသွင်းခဲ့ပြီး ၊ (၃၅)မိနစ်မှာ တူနီးရှားက ပင်နလ်တီနဲ့ ၁ဂိုးရပြီး သရေဖြစ်နေရာက ပွဲပြီးခါနီး အချိန်ပို တစ်မိနစ်အတွင်းမှာ အင်္ဂလန်ရဲ့ အသင်းခေါင်းဆောင် Harry Kane ကနောက် (၁)ဂိုးထပ်သွင်းလိုက်နိုင်လို့ အင်္ဂလန်က ၂ ဂိုး- ၁ဂိုးနဲ့ နောက်ဆုံးမိနစ်မှာကပ်ပြီး နိုင်သွားတာပါ။
ဒီပွဲမှာ ပထမဆုံး အင်္ဂလန်ရဲ့ဂိုးကိုလည်း Harry Kane ကပဲ သွင်းခဲ့တာပါ။ ဇွန်လ(၁၉)ရက် ကစားကြမယ့်ပွဲတွေကတော့ ကိုလံဘီယာနဲ့ ဂျပန်၊ ပိုလန်နဲ့ ဆီနီဂေါ၊ ရုရှားနဲ့ အီဂျစ်တို့ပဲဖြစ်ပါတယ်။