၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ မကြာခင် မိနစ်ပိုင်းအတွင်းမှာ စတင်မှာ ဖြစ်ပါတယ်။ ပွဲဦးထွက်အဖြစ် အုပ်စု A က အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားအသင်းတို့ ကစားကြမှာပါ။
ပွဲစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ အကုန်ကျခံ ပြင်ဆင်ထားတဲ့ အိမ်ရှင် ရုရှားအစိုးရကတော့ ပြိုင်ပွဲကျင်းပမယ့် မြို့ကြီး ၁၁ မြို့လုံးမှာ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။
ပွဲကြည့်ပရိတ်သတ်တွေထဲက ဆူပူတဲ့သူတွေ ရှိလာရင် ထိန်းသိမ်းဖို့နဲ့ တခြားလုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာရင် ကိုင်တွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ချထားတာပါ။ မော်စကိုမြို့တော် ရင်ပြင်နီနဲ့ တခြားအထင်ကရနေရာတွေမှာ ကင်းတပ်ဖွဲ့တွေလှည့်နေသလို၊ မြို့တွင်း ဘူတာရုံတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကို တွေ့ရပါတယ ဘောလုံးပွဲတွေမှာ ရုရှားအသင်း အားပေးသူတွေဘက်က အကြမ်းဖက် ရန်ဖြစ်ခဲ့ဘူးတဲ့ အစဉ်အလာရှိခဲ့ဘူးပါတယ်။
ရုရှားအသင်းကို အားပေးသူတွေဘက်မှာ စနစ်တကျ လေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမား ၁၅၀ လောက်ပါတယ်ဆိုပြီး ပြင်သစ် ရှေ့နေတွေက အဲဒီအချိန်က စွပ်စွဲခဲ့သလို နောက်တကြိမ် ဆူပူမှုတွေ ဖြစ်ရင် ရုရှားအသင်းကို ထုတ်ပစ်မယ်ဆိုပြီး ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က သတိပေးခဲ့ပါတယ်။ ဆိုင်းငံ့ပစ်ဒဏ်နဲ့ ဒဏ်ငွေယူရို တသိန်းခွဲ ပစ်ဒဏ်ချခဲ့ဘူးပါတယ်။
မနက်ဖြန် သောကြာနေ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အုပ်စု A က Egypt နဲ့ Uruguay ၊ အုပ်စု B က Morocoo နဲ့ အီရန် အပြင်၊ အုပ်စု B က Spain နဲ့ Portugal အသင်းတွေ ရှင်ပြိုင် ကစားကြမှာဖြစ်ပါတယ်။