နိုဝင်ဘာ ၂၊ ၂၀၁၉ - တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရတို့ကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးတာ အခုဆိုရင် ၄ နှစ်ပြည့်သွားပါပြီ။ ဒါပေမဲ့လည်း ၄ နှစ်ပြည့် အခမ်းအနားကိုတောင် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ စုံစုံလင်လင် မတက်နိုင်ခဲ့တဲ့အထိ အဖုအထစ်တွေလည်း ကြုံခဲ့ရပါတယ်။
၄ နှစ်တာ ကာလအတွင်း NCA သဘောတူညီချက်ကနေ ဘာတွေ အကျိုးဖြစ်ထွန်းခဲ့ပါသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံခဲ့ရပါသလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းတခု ဖြစ်ပါရဲ့လား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက် ထားပါတယ်။
[Unicode Version]