သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူးကလီးယားအစီအစဉ် ဖိအားပေးကြဖို့ ကန် တိုက်တွန်း


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson

တရုတ်နိုင်ငံဘက်က အိမ်နီးချင်း၊ မဟာမိတ် မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမဝင် နျူးကလီးယား လက်နက် အစီအစဉ်တွေ စွန့်လွှွတ်ရေး အတွက် ဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာမှာတော့ တောင်တရုတ် ပင်လယ်ပြင် အတွင်းက တရုတ်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီးလည်း ပြောဆိုခဲ့တာပါ။

စီးပွားရေး ကုန်သွယ်ရေး အင်အားကြီးတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ အနေနဲ့ သူ့ရဲ့ စီးပွားရေး အင်အားကို သုံးပြီး တခြား ပြသနာတွေကနေ ရှောင်ထွက် တာမျိုးကိုတော့ ခွင့်မပြုနိုင်ပါဘူး။ တောင်တရုတ် ပင်လယ်ပြင် အတွင်း ကျွန်းတွေပေါ်မှာ စစ်အင်အားချထားတာမျိုး ဒါမှမဟုတ်လည်း မြောက်ကိုရီးယား အပေါ်မှာ ထိရောက်တဲ့ ဖိအားပေးမှု မရှိတာမျိုးတွေပါ။ စီးပွားရေးနဲ့ ကုန်သွယ်ရေးမှာ အားကောင်း ကြီးထွားလာတာနဲ့ အတူ လုံခြုံရေး ပိုင်းမှာပါ တာဝန်ယူမှု ရှိရမယ်ဆိုတာကို တရုတ် အနေနဲ့ နားလည် လက်ခံရမှာ ဖြစ်ပါတယ်။ လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis ကလည်း စကာၤပူမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ပြုလုပ်ခဲ့တဲ့ ရှန်ဂရီလာ ဒိုင်ယာလောခ့် - လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အလားတူမှတ်ချက်ပေး ပြောဆိုမှုကိုတော့ တရုတ်ဘက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG