သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့ အီရတ်တပ် ပြန်သိမ်းနိုင်ရေး ကန် တပ်ကူတွေ စေလွှတ်


အီရတ်မြို့ကြီးတွေ လမ်းကြောင်းပြမြေပုံ။
အီရတ်မြို့ကြီးတွေ လမ်းကြောင်းပြမြေပုံ။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အီရတ် နိုင်ငံမြောက်ပိုင်းမြို့ Mosul ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေထံက ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်နေကြတဲ့ အီရတ်တပ်ဖွဲ့တွေကို ကူညီပေးဖို့ နောက်ထပ် အမေရိကန်စစ်သား ၂၀၀ ကျော်နဲ့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပို့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ဘဂ္ဂဒက်မြို့မှာ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ထပ်မံပို့ပေးမယ့် အမေရိကန် တပ်ဖွဲ့တွေဟာ အဓိက စစ်ဖက်ဆိုင်ရာ အကြံပေးတွေဖြစ်ပြီး အီရတ်တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အခြေစိုက်စခန်းတွေကနေ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ကို ဝိုင်းရံထားနိုင်အောင် အကူညီပေးကြမှာ ဖြစ်တယ်လို့ ဝန်ကြီး ကာတာ က ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အနေနဲ့ ဌာနချုပ်အဆင့် တပ်မအဆင့်တွေမှာ အကြံပေးသွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

Mosul မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ပြီ ဆိုရင် အီရတ်မှာ တိုက်ပွဲ အနိုင်ရပြီလို့ အမေရိကန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိကြီး တဦးက ပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ IS စစ်သွေးကြွတွေရဲ့ ခြေကုတ်စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် မတ်လ ၂၄ ရက်နေ့ ကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ပွဲကို အကူအညီပေးဖို့အတွက် Apache တိုက်ရဟတ်ယာဉ် စုစုပေါင်း ၈ စီး ပို့ပေးမှာ ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။ ဒီရဟတ်ယာဉ်တွေကို မောင်းနှင်ဖို့နဲ့ ထိန်းသိမ်းဖို့ အမေရိကန် တပ်ဖွဲ့တွေ လိုအပ်တယ်လို့လည်း ပြောပါတယ်။ Mosul မြို့ဟာ IS စစ်သွေးကြွတွေ လက်ကို ၂၀၁၄ ခုနှစ် နွေရာသီ အတွင်း ကျရောက်သွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG