သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အမှတ်တရ ပြတိုက် ဖွင့်လှစ်


9/11 အမှတ်တရပြတိုက် ဖွင့်လှစ်။ (မေ ၁၅၊ ၂၀၁၄)
9/11 အမှတ်တရပြတိုက် ဖွင့်လှစ်။ (မေ ၁၅၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၁၁ အထိမ်းအမှတ် ပြတိုက်သစ်ကို ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်ပြီး၊ ဒီပြတိုက်ဟာ လူ ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုရဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကို အသေးစိတ်ပြန်လည်ပြောပြနိုင်ဖို့အတွက်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက လေယာဉ်ပြန်ပေးဆွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာမျှော်စင်ညီနောင်ကို လေယာဉ်နဲ့ဝင်တိုက်ခဲ့ပြီးတဲ့နောက် အဲဒီမှာ ပိတ်မိနေတဲ့သူ ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ သတ္တိရှိမှုကို သမ္မတ ဘရက်ခ်အိုဘားမားက သတိတရ ပြန်လည်ပြောကြားခဲ့ပါတယ်။

အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ မိသားစုဝင်တွေဟာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာမျှော်စင်ကြီး တည်ရှိခဲ့တဲ့နေရာမှာ ဖွင့်လှစ်ထားတဲ့ စက်တင်ဘာ ၁၁ အထိမ်းအမှတ်ပြတိုက်မှာ စုဝေးခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ကုန်ကျခဲ့တဲ့ အဲဒီပြတိုက်ကို အများပြည်သူကြည့်ရှု့နိုင်အောင် လာမယ့် သီတင်းပတ်မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ပြတိုက်ပုံစံအတွက် အငြင်းပွားတာတွေ နဲ့ တည်ဆောက်ရေးလုပ်ငန်းမှာ ကြန့်ကြာနေတာတွေကြောင့် ပြတိုက်ကို အခုအခါမှ တည်ဆောက်ပြီးစီးနိုင်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG