သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနဲ့ မက္ကစီကို ကုန်စည်တချို့အပေါ် သွင်းကုန်ခွန်ကောက်ခံမှု ကန်ရုပ်သိမ်း


ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အလူမီနီယံနဲ့ သံမဏီ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ဖို့ အမေရိကန်က သဘောတူလိုက်ပြီး တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကနေဒါနဲ့ မက္ကဆီကို အစိုးရတွေအနေနဲ့ သူတို့နိုင်ငံတွေကို ဖြတ်ပြီး တရုတ်သံမဏိတွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာမှာကို တားမြစ်ပေးရမှာ ဖြစ်ကြောင်း The Washington Post သတင်းစာမှာ သောကြာနေ့က ဖော်ပြထားပါတယ်။

သမ္မတ Trump မြောက်အမေရိကတိုက် ကုန်သွယ်ရေးသဘောတူမှုရရှိရေး ကြိုးပမ်းမှုအတွက်လည်း အထောက်အကူ ဖြစ်သွားစေပါတယ်။ အမိမြေလုံခြုံရေးစိုးရိမ်မှုကြောင့် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် ၂၀၁၈ မတ်လမှာ သမ္မတ Trump က သွင်းကုန်ခွန်ချမှတ်လိုက်တာပါ။

အလူမီနီယံနဲ့ သံမဏိကို တရုတ်က အမြောက်အမြားထုတ်လုပ်နေတာကို အမေရိကန်ထဲ တင်သွင်းခွင့်ပေးထားခဲ့တာကြောင့် ကမ္ဘာ့ပေါက်ဈေးကျဆင်းစေပြီး အမေရိကန်စက်ရုံတွေ ဆုံးရှုံးရစေပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုအပေါ် သွင်းကုန်ခွန် ဆက်လက်ထားရှိနေသေးသရွေ့ Trump ရဲ့ မြောက်အမေရိကားတိုက် ကုန်သွယ်ရေးသဘောတူစာချုပ်ကို ထောက်ခံမှာ မဟုတ်ကြောင်း ရီပါဘလစ်ကန် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုနေတာပါ။

အမေရိကန်ရဲ့ သွင်းကုန်ခွန်ကို မက္ကဆီကိုက တန်ပြန်တုန့်ပြန်မှုကြောင့် Iowa ပြည်နယ်က အမေရိကန်တောင်သူတွေကို ထိခိုက်ခဲ့ပြီး အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေအပေါ်မှာလည်း ထိခိုက်ခဲ့ပါတယ်။

တရုတ်ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကုမ္ပဏီထုတ်ပစ္စည်းကို အမေရိကန်အနေနဲ့ အသုံးပြုခွင့် ပိတ်ပင်တဲ့ အမိန့်ကို ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ချမှတ်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ပိုပြီး တင်းမာလာခဲ့ပါတယ်။

ဒါကို တုန့်ပြန်တဲ့အနေနဲ့ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ထွက်ကုန်တွေအပေါ် ဇွန်လ ၁ ရက်နေ့ကစပြီး အခွန်ချမယ်လို့ တရုတ်က ကြေညာလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG