Zawgyi/Unicode
အမေရိကန် ဒုသမ္မတ Kamala Harris ရဲ့ အရှေ့တောင်အာရှခရီးစဉ်အတွင်း အာဖဂနစ္စတန်ကိုတာလီဘန်တွေထိန်းချုပ်လိုက်တဲ့ကိစ္စဟာ အရေးတကြီးအကြောင်းအရာသစ်ဖြစ်လာပါတယ်။
နှစ်၂၀ ကြာတဲ့ အာဖဂန်စစ်အဆုံးသတ်လိုက်တဲ့နောက် ဖြစ်လာတဲ့ ကသောင်းကနင်းအခြေအနေတွေ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဒုသမ္မတ Harris အနေနဲ့ အမေရိကန်မဟာမိတ်နိုင်ငံတွေကို ရှင်းပြဖို့ ကြိုးစားပါလိမ့်မယ်။ သောကြာနေ့ကစတဲ့ ဒီ ခရီးစဉ်မှာ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ဖို့ရှိပြီးတော့ ဒုသမ္မတအနေနဲ့ အမေရိကန်နိုင်ငံခြားရေးကိစ္စတွေ ပိုပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ အခြေအနေဖြစ်ပါတယ်။
လူ့အခွင့်အရေးကိစ္စရပ်တွေလို အခြေခံကျတဲ့ အမေရိကန်စံတန်ဖိုးတွေအပေါ် သူနဲ့ သမ္မတ Joe Biden တို့ ရှုမြင်ယူဆချက်တွေကို အခိုင်အမာဖော်ပြဖို့ အခွင့်အလမ်းလည်းဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်တော့ တာလီဘန်တွေ ပြန်ပြီး အာဏာချုပ်ကိုင် လာတဲ့ အာဖဂနစ္စတန်နိုင်ငံတွင်း အမျိုးသမီးနဲ့မိန်းကလေးငယ်တွေရဲ့ အနာဂတ် စိုးရိမ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖွယ်ရှိပါတယ်။
အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ကျမတို့နဲ့အတူတူအလုပ်လုပ်ကိုင်ခဲ့ကြတဲ့ အာဖဂန်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ဆိုတာ အထူးဦးစားပေးဖြစ်တယ်လို့ ဒုသမ္မတ Harris က အရှေ့တောင်အာရှခရီးမစခင်လေးမှာပဲ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
======
Unicode
#USASEAN #KamalaHarris #USforeignaffairs #VOABurmese