၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေး အဓိက ပူးပေါင်းဆောင်ရွက်နေတာဟာ NLD အစိုးရပေါ် ယုံကြည်မှုနဲ့ ဂုဏ်ပြုလိုတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ KIO ကချင် လွတ်လပ်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် ကပြောကြားလိုက်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာ စတင်ကျင်းပတဲ့ NLD အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ သူက အခုလိုပြောဆိုလိုက်တာပါ။
ဒီအတောအတွင်းမှာပဲ တအာင်းပလောင်၊ ကိုးကန့်နဲ့ ရခိုင့်တပ်မတော် မဟာမိတ် လက်နက်ကိုင် သုံးဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြား ပင်လုံညီလာခံ တက်ေ ရာက်ရေး အတွက် ညှိုနှိုင်းလို့မရတဲ့ အခြေအနေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။
အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့ UNFC ခေါင်းဆောင်တွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ အကုန်မှာ တွေ့ဆုံပြီးနောက် နှစ်ဘက် ကိုယ်စားလှယ်တွေဟာ အခုလို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေး အတွက် သြဂုတ်လ (၂၀-၂၁) ရက်နေ့ထိ နှစ် ရက်တာ ညှိုနှိုင်း ဆွေးနွေးနေကြတာဖြစ်ပါတယ်။
UNFC ဘက်က ပင်လုံညီလာခံကိုဖြစ်မြောက်ရေး ဝိုင်းဝန်းဆောင်ရွက်တဲ့ အဓိက အချက်ဟာ အစိုးရကို ယုံကြည်လို့ ဖြစ်ကြောင်း KIO ကချင် လွတ်လပ်ရေး အဖွဲ့ေ ခါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် က အစည်းအဝေးမှာ အခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များကတော့ နိုင်ငံတော် အစိုးရကို ယုံကြည်တဲ့ စိတ်ဓါတ်နဲ့ ဂုဏ်ပြုတဲ့စိတ်ဓါတ်နဲ့ ၂၁ ရာစုပင်လုံကို တက်ရောက် နိုင်ရေး အတွက် ကျနော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ရလာဒ်ကောင်းတွေ ရပါတယ်၊ မနက်ဖြန်ဆက်ပြီး ကျင်းပမယ့် အစည်းအဝေးမှာလည်း ကျနော်တို့ အားတက်စွာေ ဆွးနွေးပြီးတော့ ကျနော်တို့ အားလုံးရဲ့ကောင်းမွန်တဲ့ နိုင်ငံရှေ့ရေးကို ကျနော်တို့ဆောင်ရွက် သွားမှာဖြစ် ပါတယ်။"
ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်က ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲဟာ အချိန်ကန့်သတ်ချက်ဖြစ်ကြောင်း UNFC ကိုယ်စားလှယ် ခူးဦရယ်က ပြောပါတယ်။
မနေ့က တွေ့ဆုံပွဲမှာ UNFC ဘက်က အဓိကဆွေးနွေးတဲ့ အချက်တွေထဲကတော့ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေး ထိုးရေးကိစ္စ၊ လူသားချင်း စာနာမှု အကူအညီတွေ ကိစ္စ စတာတွေအပြင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကိုပိုပြီး အားကောင်းမယ့် နည်းလမ်း ရှာဖွေဖို့ စတဲ့ အချက်တွေဖြစ်ပါတယ်။
ဆွေးနွေးပွဲ ရလာဒ်နဲ့ ပတ်သက်လို့တော့ အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ေ ဒါက်တာတင်မျိုးဝင်းက အခုလို ပြောကြားခဲ့ပါတယ်။
“နံပါတ် (၁) ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံမှာ ကျနော်တို့ရဲ့ ပထမ အစည်းအဝေးမှာ ဒီကနောင်တော်တွေ အကုန်လုံး ပူးတွဲေ ကာ်မတီမှာ ပါဝင်ဖို့အတွက်ကို ဆုံးဖြတ်ချက် ကျပါတယ်။ ဒုတိယ အချက်ကတော့ အစည်းအဝေးမှာ လက်မှတ်ရေးထိုး မထားတဲ့ ဒီကညီနောင်တွေ တက်ရောက် ပြီးတော့ မိမိတို့ရဲ့ လိုလားချက်တွေ၊ မျှော်မှန်းချက်တွေကို ပြောဆိုနိုင်ဖို့ အတွက် လည်း အားလုံးမူဝါဒ ချပြီးတော့ ဆုံးဖြတ်နိုင် ခဲ့ပါတယ်။”
ဒါပေမဲ့လည်း သြဂုတ်လ အကုန်မှာကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံကို လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းပလောင်၊ ကိုးကန့်၊ ရခိုင့် တပ်မတော်တို့ ပါဝင်ရေး အခုချိန်ထိ အစိုးရနဲ့ ညှိုနှိုင်းလို့ မရသေးပါဘူး။ သြဂုတ်လ (၉)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမှာ နှစ်ဖက်တွေ့ဆုံေ ဆွးနွေး ခဲ့တာပါ။
သူတို့သုံးဖွဲ့လုံး “လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ် ချုပ်ငြိမ်းလိုတဲ့ ဆန ္ဒအပြည့်အ၀ ရှိပါသည်” ဆိုတဲ့ သဘောထားကြေညာချက် ထုတ်ပြန်ပေးဖို့ အစိုးရ ဘက်က တောင်းဆို ထားပေမဲ့ အဲဒီအစား “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့်အဝရှိပါသည်” ဆိုတာကိုပဲ ထုတ်ပြန်နိုင်ကြောင်း မဟာမိတ် သုံးဖွဲ့ဘက်က တုန့်ပြန်ထားတာပါ။
ဒီအပေါ်မှာ မြန်မာ့စစ်ရေးလေ့လာသုံးသပ်နေသူတဦးဖြစ်တဲ့ ဗိုလ်မှုးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ အမြင်ကတော့-
“စစ် အစိုးရခေတ် ကျနော်တို့ ထောက်လှမ်းရေးတွေ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေမှာ ၁၉၈၉ ခုနှစ်ကစပြီး ၉၃၊ ၉၄ အထိ တစိုက်မတ်မတ် ကိုင်စွဲ ထားခဲ့တာက လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ဥပဒေဘောင် အတွင်းဝင်ရမယ် ဆိုတာကို ကျနော်တို့ ကိုင်စွဲပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကေအိုင်အေဆိုရင် လက်မှတ်ထိုးပြီးတော့ သဘောတူခဲ့ပါတယ်။ ဝ၊ မွန် အစရှိတဲ့ အဖွဲ့ပေါင်း (၁၇)ဖွဲ့ဟာ ဒီဥစ္စာကို သဘောတူပြီးတော့မှ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့တဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော်ပြော ချင်တာက အခုတပ်မတော်က တောင်းတဲ့ လက်နက်ကိုင် လမ်းစဉ်ဆိုတဲ့ စကားလုံးမျိုးက အင်မတန်မှ ပျော့ပြောင်းတဲ့ အနေအထားမျိုး ရှိပါတယ်။ တချိန်တခါက ပြင်းထန်တဲ့ စကားလုံး ကိုတောင်မှ တိုင်းရင်းသားအဖွဲ့ အားလုံးက လက်ခံပြီးတော့မှ အမျိုးသား ညီလာခံကို တက်ခဲ့ကြပါတယ်။ လက်နက်ကိုင် လမ်းစဉ်ဆိုတဲ့ စကား လုံးနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုတဲ့ စကားလုံးဟာ အသွင်သဏ္ဍာန် အဓိပ္ပါယ် အနှစ်သာရ အားဖြင့် အများကြီးကွာ ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဆိုတာက တဦးနဲ့တဦး ပစ်ကြခတ်ကြလို့ ဖြစ်တာ။ ကျနော့် အနေနဲ့ပြော ရမယ်ဆိုရင် ဒီ တိုင်းရင်းသား အဖွဲ့သုံးဖွဲ့ ကနေ သဘောတူမယ် ဆိုရင်လည်း ဒီလက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်တယ် ဆိုတာကို သဘောတူ လိုက်တာက သူတို့အတွက် ဘာမှ ဂုဏ်သိက္ခာ ကျစရာ မရှိပါဘူး။”
လက်ရှိ အခြေအနေမှာတော့ ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံး ပါဝင်နိုင်ရေး နည်းလမ်း ရှာဖွေနေဆဲဖြစ်ပြီး၊ ညီလာခံနောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ထားသလို၊ နောက် (၆)လ အကြာမှာ ငြိမ်းချမ်းရေးညီလာခံကို ထပ်မံကျင်းပဖို့ အစီအစဉ် ရှိကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးက ပြော ပါတယ်။