တနင်္ဂနွေနေ့မှာ ကျင်းပတော့မယ့် ခရိုင်းမီးယား လူထုဆန္ဒကောက်ခံပွဲက ထွက်လာမယ့် ရလဒ်ကို နိုင်ငံတွေက လက်မခံကြဖို့ ဆိုတဲ့ အမေရိကန်က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ စနေနေ့မှာ ကုလ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ခရိုင်းမီးယား လူထုဆန္ဒကောက်ယူမှုမှာဆိုရင် လူထုကို ရွေးချယ်စရာ ၂ ခုပဲ ပေးထားပါတယ်။ ရုရှားနဲ့ပူးပေါင်းမလား ဒါမှမဟုတ် ယူကရိန်းနိုင်ငံတွင်းမှာပဲ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခိုင်မာအောင် လုပ်ဆောင်မလားဆိုတာ ဖြစ်ပါတယ်။
ရုရှားတွေနဲ့ ပူးပေါင်းဖို့ အားသာနေတဲ့ ဒီမဲခွဲမှုဟာဆိုရင် ၁၈ ရာစု ဇာဘုရင်တွေ လက်ထက်နဲ့ အခု ရုရှား အစိုးရလက်ထက်တိုင်အောင် ရေတပ်တွေ အခြေစိုက်တဲ့ ပင်လယ်နက်ပေါ်က ရုရှားစကားပြောသူတွေ အများစု နေထိုင်ကြတဲ့ ခရိုင်းမီးယားကို နောက်ဆုံးမှာ စွန့်လွှတ်လိုက်ရမယ့် မဲခွဲမှုအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂက စနေနေ့မှာ မဲခွဲဆုံးဖြတ်မယ့်အရေးကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခန့်မှန်းတဲ့ အကြောင်း သံတမန်တွေက ပြောဆိုကြပြီး လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံတို့က ဆုံးဖြတ်ချက်ကို အတည်ပြုမယ်လို့လည်း ခန့်မှန်း ပြောဆိုကြပါတယ်။
တချိန်တည်းမှာပဲ တရုတ်ကတော့ ထောက်ခံမယ် မထောက်ခံဘူးဆိုတာကို ပြောဆိုမထားပါဘူး။ တကယ်လို့ ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်က ကြားနေခဲ့မယ်ဆိုရင်တော့ ဒါဟာ ရုရှားတို့ရဲ့ အရေးသက်သက်သာ ဖြစ်တယ်ဆိုတာကို ပြသတာပဲ ဖြစ်ပါလိမ့်မယ်။ ကုလရဲ့ ဆုံးဖြတ်ချက်က ယူကရိန်းတို့ရဲ့ နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အတည်ပြုပြီး တနင်္ဂနွေနေ့ ကျင်းပမယ့် လူထုဆန္ဒ ကောက်ယူမှုဟာလည်း တရားဝင်မှု ရှိမှာ မဟုတ်ဘူးဆိုတာကို ကြေညာထားတာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း ရုရှားအနေနဲ့ ခရိုင်းမီးယားရဲ့ ယူကရိန်းက ခွဲထွက်ဖို့ လူထုဆန္ဒ ကောက်ခံတာကို လက်ခံမှုနဲ့ ရုရှားတို့နဲ့ ပူးပေါင်းရေးကို လက်ခံတာဟာဆိုရင် အလစ်ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။ စနေနေ့မှာတော့ ရုရှား နိုင်ငံ မော်စကိုမြို့လယ်မှာ ခရိုင်းမီးယားအရေးအတွက် သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ အပြန်အလှန် ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။
ခရိုင်းမီးယား လူထုဆန္ဒကောက်ခံမှုကို ထောက်ခံသူတွေက ရုရှားနဲ့ ဆိုဗီယက်ပြည်ထောင်စု အလံတွေကို ဝှေ့ယမ်းပြီး မော်စကိုမြို့တော်က တော်လှန်ရေး ရင်ပြင်ကို ချီတက်ခဲ့ကြပါတယ်။ ချီတက်သူတွေထဲက အများစုကတော့ အနီနဲ့အနက် ဆင်တူဝတ်စုံတွေ ဝတ်ဆင်ထားကြပါတယ်။
ခရိုင်းမီးယား လူထုဆန္ဒ ကောက်ယူမှုကို ဆန့်ကျင်သူတွေကတော့ ယူကရိန်းအလံနဲ့ ရုရှား အလံတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ တချို့ကတော့ ယူကရိန်းအရေးမှာ ရုရှားရဲ့ စွက်ဖက်မှုကြောင့် စစ်ကို ဦးတည်သွားစေနိုင်တဲ့အပေါ်မှာ စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။