သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တလွှား နေရပ်စွန့်ခွါ ထွက်ပြေးရသူ ၂ သိန်းကျော်ပြီ (ကုလသမဂ္ဂ)


တောထဲတွင် ထွက်ပြေးခိုလှုံနေကြရသည့် မင်းတပ် စစ်ရှောင်များ (ဓာတ်ပုံ - AFP PHOTO / CHIN WORLD) ၂၀ မေ ၂၀၂၁
တောထဲတွင် ထွက်ပြေးခိုလှုံနေကြရသည့် မင်းတပ် စစ်ရှောင်များ (ဓာတ်ပုံ - AFP PHOTO / CHIN WORLD) ၂၀ မေ ၂၀၂၁

{{Zawgyi/Unicode}}

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး မြန်မာနိုင်ငံ တလွှားမှာ နေရပ်စွန့်ခွါ ထွက်ပြေးရသူက ၂ သိန်းကျော်နေပြီဖြစ်သလို လူသားချင်းစာနာမှုအခြေနေကလည်း သိပ်ကိုဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

" ဖေဖေါ်ဝါရီလ ၁ ရက် နေ့ကစပြီး တိုက်ပွဲဖြစ်ပွါးတာနဲ့ လုံခြုံမှုမရှိတဲ့အတွက် မြန်မာနိုင်ငံ နေရာအတော်များများမှာ လူပေါင်း ၂၁၀ ၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပါတယ်။ ဒီအထဲက ထက်ဝက်ကျော်ဟာ နိုင်ငံ့အရှေ့တောင်ပိုင်းဒေသမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးရသူတွေဖြစ် ကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အခြေနေအတွက် ကုလသမဂ္ဂဌာနေ အဖွဲ့တွေက စိုးရိမ်နေဆဲ ဖြစ်ကြောင်း ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက်ထောက်ပြောခွင့်ရ Eri Kaneko က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်"

မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရုတ်တရက် ရေကြီးရေလျှံပြီး နိုင်ငံတဝန်း လူပေါင်း ၁၂၅ ၀၀၀ ကျော် ဒုက္ခရောက်နေသလို ကိုဗစ် ၁၉ ကူးစက်မှုကလည်း တိုးနေတာကြောင့် နဂိုကတည်းက ခုခံနိုင်စွမ်း အားနည်းနေသူတွေအတွက် အခြေနေပိုဆိုးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာဝဘေးခံရမှုတွေ အပြင် စားနပ်ရိက္ခာမလုံမလောက် ဖြစ်နေတဲ့ လူပေါင်း ၃ သန်းလောက် အတွက် ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး မိတ်ဆွေအဖွဲ့တွေက အရေးပေါ် အကူအညီပေးနိုင်ဖို့နဲ့ အကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဒီလို အကူညီပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတွင်းလုံခြုံရေးအခြေနေ၊ လမ်းကြောင်း ပိတ်ဆို့တာလို အကူညီပေးမယ့်သူတွေဆီ မသွားနိုင်ပဲ ဖြစ်နေတာနဲ့ ကိုဗစ် ကန့်သတ်ချက်တွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောက်ယှက်တာ ခံနေရတယ်လို့ လည်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ ကယ်ဆယ်ရေးကြိုးပမ်းချက်တွေဟာ နိုင်ငံတကာ စံနှုန်းအတိုင်း လိုက်နာပြီး ဘက်မလိုက်ပဲ ဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ လိုအပ်နေတဲ့ပြည်သူတွေဆီ လူသားချင်းစာနာမှု အဖွဲ့တွေ အနှောက်အယှက်မရှိ သွားနိုင်အောင် လုံခြုံရေး လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

.............................................

{{Unicode}}







XS
SM
MD
LG