မကြာသေးခင်ကမှကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံကနေ မြန်မာနိုင်ငံမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖွဲစည်းနိုင်ဖို့ အခြေခံဥပဒေ အသစ်တရပ်ကိုရေးဆွဲဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော် ဖြစ်နေတာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရနိုင်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို မြန်မာအာဏာပိုင်တွေအနေနဲ့ အလေးအနက်ထားသင့်တယ်လို့ အမေရိန်နိုင်ငံက မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း အများအပြားအပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံခြားရောက် တိုင်းရင်းသားတွေ၊ မဟာမိတ်အဖွဲ့တွေ တက်ရောက်ကြတဲ့ အစည်းအဝေးကနေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုအသွင်ဖွဲ့စည်းဖို့၊ တပ်မတော်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အသွင်ပြောင်းပြီး ဒီမိုကရေစီစံနစ်နဲ့လျှောက်လှမ်းဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးကို မပြတ်လေ့လာနေတဲ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Rutgers တက္ကသိုလ်က ပါမောက္ခ Joseph Silverstein ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
“သူတို့ရဲ့ တောင်းဆိုချက်က တကယ်လက်တွေ့ကျတယ်လို့ ကျနော် ထင်ပါတယ်။ ဒါဟာ သူတို့ တချိန်လုံးတောင်းဆိုနေတဲ့ ကိစ္စပါ။ ဒါပေမယ့် မြန်မာအစိုးရဘက်က ဒါကိုလက်မခံဘဲ ဘယ်တော့မှ အလျှော့မပေးခဲ့ပါဘူး။ အများစုဖြစ်တဲ့ မြန်မာတွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ လမ်းစဉ်နဲ့ပဲ ဆက်သွားနေပြီး လူနည်းစု တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ဆင်နွဲနေခဲ့ပါတယ်။ တကယ်ဆိုရင် သူတို့ တောင်းဆိုတာဟာ မြန်မာနိုင်ငံကိုစပြီး လွတ်လွတ်လပ်လပ်နဲ့ တည်ထောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကတိပေးခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်ဖို့ သူတို့ တောင်းဆိုတာပါ။”
အခု ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းမဖြစ်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲတွေ ဆင်နွဲနေရပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု မရနိုင်ဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းမယ်လို့ အခု အစိုးရရဲ့ ပြောကြားချက်တွေ လက်တွေ့မှာ အကောင်ထည်ဖော်မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား ညီအကိုတွေနဲ့ ဘာ့ကြောင့် စစ်ပွဲတွေ ဆင်နွှဲနေရတယ် ဆိုတာကို စဉ်းစားဖို့ ကောင်းပြီလို့ လည်း ထောက်ပြပါတယ်။
အခု တိုင်းရင်းသားတွေစုပေါင်းပြီး ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အမျိုးသား တန်းတူရေးရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုအသွင် ဖွဲ့စည်း ပြီး ဒီမိုကရေစီစံနစ် ကျင့်သုံးဖို့ တိုင်းရင်းသားတွေဘက်က အဆင်သင့်ဖြစ်နေတာကို ပြသခဲ့တာလို့လည်း ပါမောက္ခ Silverstein ကပြောပါတယ်။
ဒါ့အပြင် အခုလို တန်းတူညီမျှမှု ရှိတဲ့ ပြည်ထောင်စုဖွဲ့စည်းနိုင်ဖို့ အတွက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆိုတဲ့ကိစ္စဟာ မလွယ်နိုင်တဲ့အတွက် အသစ်ရေးဆွဲဖို့ တောင်းဆိုသင့်တယ်လို့လည်းမြင်ပါတယ်။
“၂၀၁၀ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့ ပြောနေကြပေမယ့် ဒါဟာ ပြည်သူ ၇၅ % က လက်ခံမှ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ၇၅ % လည်း ရဖို့မလွယ်လှပါဘူး။ မြန်မာအများစု ရှိတဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ဆန္ဒကို ဒီနည်းနဲ့ ထုတ်ဖော်လို့ ရနိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် အသစ်ကိုပဲ ရေးဆွဲဖို့ တောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။”
တိုင်းရင်းသား လူမျိုးများကွန်ဖရင့်ကနေ ဗမာ ဒါမှမဟုတ် မြန်မာပြည်နယ် အသစ်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်အတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို ဒီမိုကရေစီနည်းလမ်းကျကျ ငြင်းခုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောပေမယ့် ဒါဟာဖြစ်နိုင်တယ်လို့ ပါမောက္ခ Silverstein က ယူဆပါတယ်။
“သူတို့ရဲ့ တောင်းဆိုချက်ဟာ တကယ်ဖြစ်နိုင်ပါတယ်။ မြန်မာအုပ်ချုပ်သူ အများစုဟာ စစ်ဘက်က ဖြစ်ပါတယ်။ သူတို့ကပဲ အခုနောက်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ချမှတ်ထားတာပါ။ သူတို့အနေနဲ့ တကယ်ပဲ လူနည်းစု တိုင်းရင်းသားတွေရဲ့အသံကို နားထောင်ချင်တယ်ဆိုရင် တိုင်းရင်းသားတွေရဲ့လိုလားချက်အတွက် ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ကြသလို ငြင်းခုံဆွေးနွေးပြီး အဖြေရှာရမှာပါ။”
UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဟာ အခု သြဂုတ်လကုန်လောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါ့အပြင် UNFC နဲ့ UNA အဖွဲ့က ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲဖို့လည်း စီစဉ်နေတာမို့ ဒီကိစ္စကိုပါ ဆွေးနွေးဖို့ ရှိနေပါတယ်။