တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လိုက်ပြီဖြစ်ကြောင်း သောကြာနေ့ မှာ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ကတော့ ဒါဟာ တရားမဝင် လုပ်ရပ်လို့ ပြောဆိုခဲ့တာပါ။ အခြေအနေရှုတ်ထွေးနေဆဲဖြစ်ပြီး အသေးစိတ် မသိနိုင်သေးပေမဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားတဲ့ စစ်တပ်ရဲ့ အီးမေးလ် ထုတ်ပြန်ချက်တရပ်မှာတော့ ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက် အာဏာသိမ်း လိုက်ပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။