သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်စံနစ်ပြုပြင်ဖို့ သမ္မတ Trump စည်းရုံး


သမ္မတ Donald Trump
သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump ဟာ အခွန်စနစ်ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ဆက်လက် လှုံ့ဆော်စည်းရုံးတဲ့အနေနဲ့ ဒီဥပဒေသာ အတည်ပြုပြဌာန်းနိုင် မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။

အခွန်စနစ် ပြုပြင်ပြောင်းလဲတဲ့အတွက် အလုပ်အကိုင်တွေ ပေါများလာမှာဖြစ်သလို အလယ် အလတ်တန်းစား မိသားစုဝင်တွေအတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ Camp David စခန်းကို အပန်းဖြေမသွားခင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဖလော်ရီဒါ ရီပတ်ဘလစ်ကန်အထက်လွှတ်တော် အမတ် မာကိုရူဘီရိုက ဝင်ငွေနည်း မိသားစုဝင်တွေထဲက ကလေးငယ်တွေအတွက် ထောက်ပံ့ကြေးနဲ့ ပတ်သတ်လို့ တိုးပေးဖို့ တောင်းဆိုခဲ့တာကို လိုက်လျောခဲ့ပြီးနောက် ရီပတ်ဘလစ်ကန် အထက်နဲ့အောက် လွှတ်တော် အမတ်တွေက အစိုးရဝင်ငွေ ၁.၅ ထရီလျံပမာဏထိ လျော့ကျသွားစေမှာ ဖြစ်တဲ့ အပြီးသတ်မူကြမ်းကို သောကြာနေ့က အပြီးသတ် ရေးဆွဲခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းကို အတည်ပြုဖို့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အဲဒီနောက်တော့ ခရစ္စမတ်မတိုင်ခင်မှာ သမ္မတက လက်မှတ်ရေးထိုး အတည်ပြုနိုင်အောင် အိမ်ဖြူတော်ကို ပေးပို့သွားမှာပါ။ ဒီဥပေဒေကြမ်းဟာ ထရမ့်လို ဘီလျံနာတွေကို အဓိကအခွန်လျော့ပေါ့ ပေးတာဖြစ်တယ်ဆိုပြီး ဒီမိုကရက်အမတ် တွေကတော့ စွပ်ဆွဲတိုက်ခိုက်ပြောဆိုထားပါတယ်။

ဒီအခွန်စနစ်ဟာ လာမယ့် ၁၀ စုနှစ်အတွင်း အစိုးရအနေနဲ့ ၁.၅ ထရီလီယံ ပမာဏအထိ ဝင်ငွေလျော့နည်းသွားမှာကြောင့် တရုတ်နိုင်ငံလိုအပါအဝင် တခြားနိုင်ငံတွေအပေါ် ရေရှည်မှာ ပေးစရာရှိနေတဲ့ ကျွေးမြီ ၂၀ ထရီလီယံမှာ နောက်ထပ် ၁ ထရီလီယံ ထပ်တိုး သွားနိုင်ပါတယ်။ သမ္မတကတော့ ဒီ အခွန်စနစ်သစ်ကြောင့် ပြည်ပကိုရောက်နေတဲ့ ငွေတွေဟာ နိုင်ငံတွင်းကို ပြန်စီးဝင်လာမယ်ဆိုပြီး ကာကွယ်ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG