သမ္မတဟောင်း Trump တရားရုံးကို လာရောက်ဖို့အတွက် တရားရုံးအနီးတဝိုက် လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားသလို သူ့ကိုထောက်ခံသူ ရာဂဏန်းလည်း တရားရုံးအပြင်မှာ စုဝေးခဲ့ကြပါတယ်။ တရားရုံးကို လာရောက်ထွက်ဆိုမယ့်နေ့မှာ သူ့ကိုထောက်ခံသူတွေ စုဝေးကြဖို့ Donald Trump က လှုံဆော်ပြောခဲ့တာမို့၊ လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေဖြစ်လာမလား စိုးရိမ်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂါနေ့ တရားရုံးကြားနာမှုကတော့ ချောချောမွေ့ ေမွ့ပြီးဆုံးခဲ့ပါတယ်။ သူ့အပေါ် စွဲချက် ၃၇ ခုလုံးမှာ အပြစ်မရှိဘူးလို့ ဖယ်ဒရယ်တရားသူကြီး Jonathan Goodman ရှေ့မှောက် သမၼ တဟောင်း Trump က ထွက်ဆိုခဲ့ပါတယ်။ စာမျက်နှာ ၄၉ မျက်နှာပါဝင်တဲ့ စွဲချက်ထဲမှာတော့ သမၼတ Trump က ၂၀၂၁ ဇန်နဝါရီ အိမ်ဖြူတော်က ထွက်ခွာသွားတဲ့နောက် ထိပ်တန်းလျှို့ဝှက်မှတ်တမ်းပေါင်း ရာဂဏန်းကို Mar-a-Lago သူ့ စံအိမ်ကို ယူဆောင်သွားတယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီ မှတ်တမ်းတွေထဲမှာ အမေရိကန်ရဲ့ နူကလီယားအစီအစဉ်တွေ၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အားနည်းချက်ကို ဆန်းစစ်ထားတာတွေ ပါဝင်တယ်လို့ စွဲချက်စာမှာဖော်ပြပါတယ်။ ဒါတွေဟာ အမေရိကန်ပြည်ထောင်စုလုံခြုံရေးကိုပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာတော့ New Jersey မှာရှိတဲ့ သူပိုင်ဂေါက်ကလပ်မှာ သူ့ထောက်ခံသူတချို့ကို သမၼ တဟောင်း Trump မိန့်ခွန်းပြောဖို့ရှိတယ်လို့လည်း သိရပါတယ်။