သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ကန် နဲ့ ဂျပန်ဆွေးနွေး 


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သမ္မတ Trump ဧပြီလတုန်းက တွေ့စုံစဉ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သမ္မတ Trump ဧပြီလတုန်းက တွေ့စုံစဉ်

မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ပြန်ပြီး လုပ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တနင်္လာနေ့တုန်းက ဆွေးနွေးခဲ့ကြတယ်လို့ AFP သတင်းမှာ မနေ့ကဖေါ် ပြ ထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အမေရိကန်နဲ့ဂျပန်အတူညှိနှိုင်းပြီးကြိုးပမ်း သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန်ဝန်ကြီးချုပ်နဲ့ပြောဆိုမှုက အင်မတန်ကောင်းမွန်တဲ့ပြောဆိုမှုဖြစ်ပြီး မြောက်ကိုရီး ယားကိစ္စအပြင် ကုန်သွယ်ရေးကိစ္စလည်းဆွေးနွေးခဲ့ကြတယ်လို့ သမ္မတထရမ့်က တွစ်တာလူမှုကွန်ယက်မှာရေးသား ဖေါ်ပြပါတယ်။

စနေနေ့တုန်းက မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေလုပ်ခဲ့တာကြောင့် မြောက်ကိုရီးယား ရဲ့နျူကလီးယားခြိမ်းခြောက်မှုအန္တရယ်အပေါ်စိုးရိမ်မှုတွေ တခါပြန်တိုးလာပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယား အကြား နျူကလီးယားအရေး ညှိနှိုင်းမှုတွေ တိုးတက်မှုမရှိပဲဖြစ်နေတယ်ဆိုတဲ့သဘောပါ။

အခုလို ဒုံးလက်နက်စမ်းသပ်မှု တွေထပ်လုပ်လာတာနဲ့ပတ်သက်ပြီးအမေရိကန်ဘက်က တုန့်ပြန်မှုက တင်းတင်းမာမာမရှိပါဘူး။ အမေရိကန်အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်သွားနိုင်မယ့်လမ်းကြောင်းတခုမြင်ထားတယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တနင်္ဂနွေနေ့ကပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေးကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်လို့ သမ္မတထရမ့်နဲ့ သူနဲ့အကြားမှာသဘောထားတွေအားလုံး တူညီမှုရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ်က သမ္မထရမ့်နဲ့တယ်လီဖုန်းပြောပြီး သတင်းထောက်တွေကိုရှင်းပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG