ဂျပန်နိုင်ငံ တိုကျိုမြို့လယ်လမ်းမကြီးမှာ ကားမောင်းလာတဲ့ လူတယောက်က နှစ်သစ်ကူးပွဲတော်ဆင်နွှဲနေကြတဲ့ လူအုပ်ထဲ တမင်ဝင်တိုက်လိုက်လို့ လူ ၈ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။
တိုကျိုမြို့ရဲ့ လူကြိုက်များရေပန်းစားတဲ့ Harajuku Fashion နယ်မြေက Meiji ဘုရားကျောင်းနားက Takeshita လမ်းမကြီးမှာ တနင်္လာနေ့ညသန်ကောင်ကျော်၊ နှစ်သစ်ကူးချိန်မှာ လူငယ်တယောက် ကားနဲ့ လူအုပ်ကြီးထဲ တမင်ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။
လူအုပ်ထဲကားနဲ့ ဝင်တိုက်ခဲ့တဲ့ အသက် ၂၀ အရွယ်ဝန်းကျင်ရှိတဲ့လူငယ်ကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီူလိုက်ပြီး လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။