သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းခရီးသွားလုပ်ငန်း ၄လ အတွင်း ပြန်ဖွင့်တော့မည် 


ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာ
ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာ

(Zawgyi/Unicode)

ထိုင်းနိုင်ငံဟာ နောက် ၄ လအတွင်းမှာ နိုင်ငံခြားခရီးသည်တွေကို အပြည့်အ၀ လာရောက်ခွင့်ပြုတော့မယ်လို့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကျဆင်းနေတဲ့ တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းကို အပူတပြင်း ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုပြီး အခုလို တိုင်းပြည်ကို အပြည်အ၀ ပြန်လည်ဖွင့်လစ်ဖို့ ပြောသွားတာဖြစ်ပါတယ်။

COVID ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေချမှတ်ခဲ့ရတဲ့အတွက် ထိုင်းနိုင်ငံအတွက်အရေးကြီးတဲ့ ခရီးသွား လုပ်ငန်း ရိုက်ချိုးခံခဲ့ရတာဖြစ်ပြီးတော့ ဟိုတယ်တွေ ၊ စားသောက်ဆိုင် ဘားဆိုင်တွေ ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း စတာတွေကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ COVID တတိယလှိုင်းကို ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေဟာဆိုရင် အစိုးရအထောက်အပံ့ကို တွယ်ဖက်နေရတာလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားဝင်ငွေ ၂၀ ရာခိုင်နှုန်းကို ရှာပေးနေခဲ့တာပါ။ ဒါကြောင့် ရက်ပေါင်း ၁၂၀ အတွင်းမှာ ထိုင်းနိုင်ငံကို အပြည့်အ၀ ပြန်ဖွင့်နိုင်ပြီလို့ ကြေညာဖို့ ရည်မှန်းထားတာပါလို့ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့ည ရုပ်သံမိန့်ခွန်းမှာ ပြောကြားသွားတာဖြစ်ပါတယ်။

အမှန်တကယ်အရေးတကြီး ပြင်းထန်တဲ့အခြေအနေ ကြံခဲ့ရင်တော့ ဒါကို ပြန်လည်ဖျက်သိမ်းကြောင်း လုပ်ရမယ်လို့လည်း ဆိုပါတယ်။ ဒီလိုပြန်ဖွင့်နိုင်ဖို့အတွက် လူတိုင်းလူတိုင်း COVID ကာကွယ်ဆေးတကြိမ် အနည်းဆုံးထိုးပြီးသားဖြစ်ဖို့လည်း ဦးစားပေး ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာ COVID ကူးစက်မှု ၂ သိန်း ၅ ထောင်ရှိခဲ့ပြီး ၁၅၀၀ ကျော်သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)





XS
SM
MD
LG