ထိုင်းနိုင်ငံကိုရေလုပ်သားများတရားဝင်ပို့ဆောင်ပေးရေးအတွက် ထိုင်းနယ်စပ် ကော့သောင်း ရနောင်းမြိုတွေမှာ ရေလုပ်သားလက်ခံရေးစင်တာကို နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနက ဦးစီးပြိးစက်တင်ဘာလ ၂၃ရက်နေ့ဖွင့်လှစ်ခဲ့ပြီးရေလုပ်သားတွေကို နှစ်နိုင်ငံသဘောတူစာချုပ်နဲ့စတင်လက်ခံပေးနေပြိဖြစ်ပါတယ်။ မအေးမာကသတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံက ကရေလုပ်သားလိုအပ်ချက်တွေရှိကြောင်းမြန်မာအစိုးရထံမှာအကူညီတောင်းခဲ့ပြိးတဲ့နောက် နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ စေလွှတ်တဲ့အလုပ်သမားတွေကို စင်တာတွေဖွင့်စတင်လက်ခံပို့ဆောင်နေပြီဖြစ်ပါတယ် အရင်တုန်းကတော့ရေလုပ်သားတွေဟာတရားမဝင်နည်းနဲ့လာကြပြီးအလုပ်လုပ်ကိုင်ရင်အခက်အခဲမျိုးစုံကိုကြုံခဲ့ရတာပါ၊ အခုအခါမှာတော့ အစိုးရကနေတရားဝင်ပို့ ဆောင်တာဖြစ်လို့သူတို့အတွက်ပြဿနာတစုံတရာဖြစ်လာရင်ရှင်းဖို့လွယ်ကူသွားနိုင်တယ်လို့ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာနဲ့မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။
“ ရေလုပ်သားက MOU နဲ့ပတ်သက်ရင်တော့ရှင်းရှင်းပြောရင် အလုပ်သမားတွေအတွက်ကောင်းပါတယ်ကောင်းတယ်ဆိုတာက MOU ကျတော့ အေဂျင်စီတွေနဲ့က နှစ်ဖက် အစိုးရနဲ့လုပ်တာဖြစ်လို့အန္တရယ်ဖြစ်လို့တစုံတရာဖြစ်လို့ရှိရင်တိုက်ရိုက် အေဂျင်စီနဲ့ အစိုးရကရှင်းလို့ရတယ် ကျန်းမာရေးကိစ္စတို့အပြန်အလှန်သွားတာတို့ ဘာတို့တော့ကောင်းသွားတယ်။ ”
ရေလုပ်သားတွေပြန်လာတဲ့အခါလက်ခံပေးရေး နဲ့ပို့ဆောင်တဲ့စင်တာတွေစီစဉ်ပြီးစတင်လက်ခံနေပြိဖြစ်တာကြောင့် ရေလုပ်ငန်းခွင်ကိုပို့မယ့် အလုပ်သမားတွေအတွက်သင်တန်းပေးဖို့အသိပညာတွေပေးဖို့ိလိုအပ်ကြောင်းကိုလည်း ဖွင့်ပွဲမတိုင်ခင်တစ်ရက်က အလုပ်သမားရေးအဖွဲစည်းတွေနဲ့နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံကြစဉ်မှာအကြံပြုခဲ့တယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။
“ အခုလစာကအကြမ်းဖျင်း ၁၂၀၀၀သတ်မှတ်ပေးထားတယ် ဒီလိုလစာတွေပေးထားတော့ ဟိုတောင်ပေါ်တွေက ဘာမှ မသိသေးတဲ့သူတွေက လာလုပ်နိုင်တယ်။ ပိုက်ဆံရတယ်ဆိုပြိးလာလုပ်ကြမှာပဲ။ ဘာမှမသိသေးတဲ့သူတွေအတွက် သင်တန်းတွေဘာတွေပေးသင့်တယ်။ လှေပေါ်တက်ရင်မူးတာပဲ။ မြန်မာပြည်ကသင်္ဘောသားတွေ ကိုပေးတဲ့ကိုယ့်ရဲ့ရပ်တည်နေထိုင်မှှုအတွက်သင်တန်းဟာမျိုးတွေပေါ့။ အခြေခံဟာမျိုးတွေပေါ့။ ရေပေါ်မှာက မကြာခဏဖြစ်တာက မူးတာ၊ ဓါတ်လိုက်တာ၊ ပြုတ်ကျတာ အန္တရယ်များတယ်အသိပညာပေးတာတွေကို ဒါတွေကိုသိပြီးမှသာ အလုပ်သမားတွေကို ဒါမျိုးလာလုပ်စေချင်တယ် ”
ရေလုပ်သားတွေကိုအရင်တုန်းကပွဲစားတွေကခေါ်လာပြိးလုပ်အားခမပေးပဲကျွန်တွေသဖွယ်ခိုင်းစေတာ အသက်အန္တရယ်များတဲ့အလုပ်တွေမှာ ခိုင်းစေတာနေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မူမရှိတာ၊ နားခွင့်မရှိတာ၊ လုပ်အားခကိုပေးချင်သလို ပေးတာတွေရှိခဲ့ပါတယ် ဒီအတွက် ထိုင်းနိုင်ငံကရေလုပ်ငန်းနဲ့ပတ်သက်လို့ လူအခွင့်ရေးအဖွဲတွေကဝေဖန်မူတွေလုပ်ပြိး ရေထွက်ပစ္စည်းတွေကို ပိတ်ဆို့ဖို့အထိ တောင်းဆိုခဲ့ကြပါတယ် ။
ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၃သန်းထက်မနည်းရှိတယ် လို့နှစ်နိုင်ငံအစိုးရတွေကခန့်မှန်းထားပြိး တရားဝင်အလုပ်လုပ်ခွင့်အထောက်အထားလုပ်ထားသူကတော့တသန်း တသိန်းကျော်လောက်ရှိပါတယ်။ အခုရေလုပ်သား၆သောင်းလောက်လိုအပ်ချက်ရှိတာမို့ပြီးခဲ့တဲ့လကထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံ၊ နေပြည်တော်ကို သွားရောက်စဉ်က အကူအညီတောင်းခဲ့တာဖြစ်ပါတယ် ဒီနောက်မှာတော့ ရေလုပ်သားတွေတရားဝင်စေလွှတ်နိုင်ရေးအတွက်စင်တာတွေ ဖွင့်လှစ်ခဲ့ပါတယ်ရှင်။