အမေရိကန်နိုင်ငံ California ပြည်နယ် Monterey Park မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတုန်း ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁၀ ယောက် သေဆုံးသွားတယ်လို့ Los Angeles ခရိုင်ရဲဌာနက ပြောပါတယ်။
သေနတ်နဲ့ပစ်သူဟာ ထွက်ပြေးလွတ်မြောက်သွာပြီး ရဲက ရှာဖွေနေဆဲဖြစ်ကြောင်း ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရဲက ဆိုပါတယ်။ ပစ်ခတ်မှုက ဒေသစံတော်ချိန် စနေနေ့ည ၁၀ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ဘာကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူးလို့ ရဲဌာနက ပြောပါတယ်။
ဒဏ်ရာရသွားကြတဲ့ နောက်ထပ် လူ ၁၀ ယောက်ကိုတော့ အနီးတဝိုက်က ဆေးရုံတွေကို တင်ခဲ့ကြပါတယ်။ အနည်းဆုံး တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ Monterey Park ဟာ Los Angeles မြို့လယ်ကနေ ၁၁ မိုင်ဝေးတဲ့ မြို့ဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်ကို စောစောပိုင်းအချိန်က လူတွေ သောင်းချီလာကြခဲ့ပါတယ်။ အဲဒီလို ဖြစ်ပျက်ခဲ့တဲ့ နေရာနားက စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက်ကို မေးမြန်းရာမှာ သူ့ဆိုင်ထဲ ဝင်ပုန်းခဲ့ကြတဲ့သူတွေ အပြောအရ၊ စက်သေနတ်နဲ့ လူတစ်ယောက်ကို အဲဒီနေရာတဝိုက်မှာ တွေ့ခဲ့ကြရတယ်လို့ Los Angeles Times သတင်းစာက ဆိုပါတယ်။
-==== Unicode ====