သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားယာဉ်တန်း တိုက်ခိုက်မှု ရုရှားကို ကန် အပြစ်တင်


ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ လူသားချင်းစာမှု အကူအညီပေးရေး ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အရပ်သား ၂၀ နဲ့ ဆီးရီးယား လခြမ်းနီအဖွဲ့က အရာရှိတဦးတို့ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် ရုရှားမှာ တာဝန်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

အကူအညီပေးရေး ယာဉ်တန်းဟာ လေကြောင်းကနေ တိုက်ခိုက်ခံလိုက်ရတယ်ဆိုတာ ရရှိထားတဲ့ သက်သေ အထောက်အထားတွေအရ သိရှိရကြောင်း၊ ဆီးရီးယားနိုင်ငံအတွင်းက သူပုန်အဖွဲ့တွေမှာ လေတပ်မရှိတဲ့အတွက် ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရ၊ ဒါမှမဟုတ် ဆီးရီးယားရဲ့ မဟာမိတ် ရုရှားတို့ကသာ ပြုလုပ်နိုင်ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး အရာရှိ Ben Rhodes က ပြောပါတယ်။

တနင်္လာနေ့က Aleppo မြို့ အနောက်ဖက်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတန်ချိန် ၁၀၀ လည်း ပျက်ဆီး ဆုံးရှုံးခဲ့ရပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သယ်ယူ ပို့ဆောင်နေတဲ့ ဒေသတွေနဲ့ ဝေးတဲ့နေရာမှာ သူတို့ရဲ့ တိုက်လေယာဉ်တွေကို ထားရှိမယ်လို့ ရုရှားက ကတိပြုထားကြောင်းလည်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပမှာ သတင်းထောက်တွေကို Ben Rhodes က အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ဆီးရီးယားနဲ့ ရုရှားအစိုးရတို့ကတော့ တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG