မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တွေးခေါ်မှုတွေ လွှမ်းမိုးလာစေဖို့အတွက် အနာဂတ်လူငယ်တွေကို ခိုင်းတာပဲလုပ်ဖို့ မကြိုးစားပဲ မေးခွန်းတွေ ထုတ်တတ်ဖို့ လေ့ကျင့်သင်ကြားပေးရမယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။
၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံရတဲ့ Sakharov ဆုဖြစ်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ဆိုကို အင်္ဂါနေ့မှာ ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာ လက်ခံယူရင်း အခုလို ပြောကြားလိုက်တာပါ။
ဥရောပပါလီမန်ဥက္ကဌ Martin Schulz က Sakharov ဆုကို ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ် လိုက်ပါတယ်။ နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ဒီဆုကို ချီးမြှင့်နိုင်ပေမဲ့ ဖိနှိပ်တဲ့အာဏာရှင်ကို ကြံ့ကြံ့ခံရင်း လွတ်လပ်မှုကိုရအောင် ကြိုးပမ်းခဲ့တာမို့ တကမ္ဘာလုံးက အတုယူရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး လွတ်လပ်မှုရဲ့ ပြယုဂ်တခုဖြစ်တယ်လို့ Martin Schulz က ပြောပါတယ်။
၁၉၉၀ ခုနှစ် Sakharov ဆုကို ချီးမြှင့်ခံရတဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ပေမဲ့ အုပ်ချုပ်ခွင့်မရခဲ့တဲ့အတွက် ပြည်သူတွေဟာ သူတို့တွေရဲ့ဆန္ဒတွေ ထုတ်ဖော်ခွင့်မရဘဲ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရသလို အခုအချိန်ထိလည်း ကိုယ့်ဆန္ဒကို အပြည့်အ၀ ထုတ်ဖော်ခွင့်၊ ပြသခွင့် မရကြသေးတာမို့ အနာဂတ်လူငယ်တွေကို လွတ်လပ်စွာ လုပ်ကိုင်တွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ သိပ်အရေးကြီးတယ်လို့ ဆုကို လက်ခံရယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ကျမတို့ရဲ့ ကလေးတွေကို လွတ်လပ်စွာ တွေးခေါ်တတ်အောင် သင်ကြားပေးဖို့ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ လွတ်လပ်စွာ တွေးခေါ်မှုဆိုတာ မေးခွန်းထုတ်ပိုင်ခွင့်နဲ့ စတင်ပါတယ်။ ဒီအခွင့်အရေးမျိုးကို ကျမတို့ မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာ မရခဲ့ကြပါဘူး။ ဒါကြောင့် ကျမတို့ တိုင်းပြည်က ကလေးတချို့ဟာ မေးခွန်း ဘယ်လိုမေးရတယ်ဆိုတာကို မသိကြပါဘူး။ ကျမတို့ ပါတီမှာ ချမှတ်ထားတဲ့ တာဝန်တခုက ကလေးတွေကို သူများပြောသမျှ၊ လုပ်သမျှ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ ပြန်မမေးဘဲနဲ့ လက်မခံဖို့၊ ပြန်ပြီး မေးတတ်အောင် လေ့ကျင့်သင်ကြားပေးဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့စကားက ဘာသာစကားတိုင်းမှာ အရေးကြီးတဲ့စကားပါ။ ကမ္ဘာကြီးဟာ ဘာကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ လူတိုင်း သိခွင့်ရှိပါတယ်၊ သိလည်းသိချင်ကြမှာပါ။ ဒီလို စူးစမ်းလိုစိတ်မရှိရင် ဒီလို သိလိုစိတ်ကို သူများနားလည်အောင်လို့ မဖော်ထုတ်နိုင်ရင် ကမ္ဘာကြီးတိုးတက်အောင် ကျမတို့ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။”
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်နေပေမဲ့ ကိုယ့်ယုံကြည်မှုနဲ့ နေနိုင်တဲ့ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာစေဖို့ လုပ်ရဦးမှာဖြစ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ဖို့ အဖွဲ့အစည်းတခုက ချမှတ်ထားတဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ကျမတို့ ယုံကြည်မှုနဲ့ နေထိုင်နိုင်တယ်ဆိုတာ အာမခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဖြစ်လာဖို့ ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်ကြရပါမယ်။ ဒါကြောင့်လည်း လက်ရှိ ဖွဲ့စည်းပုံဥပဒေကို ဒီမိုကရေစီ ဥပဒေစစ်စစ်ဖြစ်အောင် ပြောင်းလဲဖို့အတွက် ကျမတို့ အခိုင်အမာပြောနေတာပါ။ ကျမတို့ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် လျှောက်လှမ်းနိုင်ဖို့အတွက် တနည်းပြောရရင် လူထုဆန္ဒကို လက်ခံနိုင်တဲ့စနစ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ဖို့အတွက် အဖွဲ့အစည်းတခုတည်း၊ ဒါမှမဟုတ် ရွေးကောက်တင်မြှောက်ထားတာ မဟုတ်တဲ့ စစ်တပ်ရဲ့ ကြီးစိုးမှုတွေ၊ လူထုကနေ ကျိုးနွံရတဲ့ ဖွဲ့စည်းပုံမျိုးနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာကို ပါမောက္ခ Sakharov ကလည်း သဘောတူလက်ခံလိမ့်မယ်လို့ ကျမထင်ပါတယ်။”
မြန်မာနိုင်ငံသားတွေ ဆင်းရဲခြင်းကကင်းပြီး လွတ်လပ်စွာနေထိုင်နိုင်အောင် လွတ်လပ်မှုကို လက်တွေ့ ခံစားနေရတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့တကွ တကမ္ဘာလုံးက ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့ပါတယ်။
“ပါမောက္ခ Sakharov မျှော်မှန်းခဲ့တဲ့ နေရာကိုရောက်ဖို့အတွက် ကျမတို့အများကြီး အားထုတ်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ တွေးခေါ်မှု၊ နိုင်ငံသားတစ်ဦးချင်းစီအဖို့ မွေးရာပါ အခွင့်အရေးတခု ဖြစ်တယ်ဆိုတာကို ပါမောက္ခ Sakharov က ကျမတို့တွေအတွက် မျှော်မှန်းခဲ့တာတွေကို ပါမောက္ခ Sakharov အသိအမှတ်ပြုမယ့် လူ့အဖွဲ့အစည်းမျိုး ဖြစ်ထွန်းဖို့အတွက် ကျမတို့အများကြီး ကြိုးစားကြရဦးမှာပါ။ တကယ်ဆိုရင် ကျမတို့ပြည်သူတွေက အဓိကလုပ်ဆောင်ရမှာဖြစ်ပေမဲ့ ကျန်တဲ့လူတွေအားလုံးကလည်း ကျမတို့ရဲ့လုပ်ရပ်ကို အားပေးကူညီနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဆုပေးပွဲအခမ်းအနားကို ဥရောပ ပါလီမန်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဆုကြေးငွေကတော့ ဥရောပယူရိုငွေ ၅ သောင်းဖြစ်ပြီး ပထမဆုံးဆုရှင်ကတော့ တောင်အာဖရိကနိုင်ငံက နယ်လ်ဆင် မန်ဒဲလားဖြစ်ပါတယ်။ အခုနောက်ဆုံး ၂၀၁၃ ခုနှစ် ဆုရှင်ကတော့ လူသိများတဲ့ ပါကစ္စတန်နိုင်ငံသူ အသက် ၁၆ နှစ်အရွယ် သတ္တိရှင် အမျိုးသမီးငယ်လေး မာလာလာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ Sakharov ဆုကို လက်ခံရယူပြီးတဲ့နောက်မှာ ဗြိတိန်နိုင်ငံကို ဆက်လက် ထွက်ခွာသွားမှာဖြစ်ပါတယ်။