သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pita ကိုထောက်ခံသူတွေ ဘန်ကောက်မြို့လည်မှာ ဆန္ဒပြ

 Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ်နေရာ ခန့်ထားဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် သူ့ကို ထောက်ခံသူတွေ ဘန်ကောက်မြို့လည်ခေါင်မှာ စုဝေး ဆန္ဒပြနေကြစဉ် (ဇူလိုင် ၁၄၊ ၂၀၂၃)

မေလမှာကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ် နေရာခန့်ထားဖို့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်တာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် Pita ကို ထောက်ခံသူတွေ ဒီကနေ့(ဇူလိုင် ၁၄) သောကြာနေ့ ညနေပိုင်းကစလို့ ဈေးဝယ်သူတွေနဲ့ စည်ကားတဲ့ ဘန်ကောက်မြို့လည်ခေါင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ်နေရာ ခန့်ထားဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် သူ့ကို ထောက်ခံသူတွေ ဘန်ကောက်မြို့လယ်ခေါင်မှာ စုဝေး ဆန္ဒပြနေကြစဉ် (ဇူလိုင် ၁၄၊ ၂၀၂၃)

ပြည်သူအများစု မဲပေး ရွေးချယ်ထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က မထောက်ခံတာဟာ ပြည်သူ့ဆန္ဒကို လစ်လျူရှုတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဒါကြောင့် မကျေနပ်တာကို ပြသတဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြဖို့ တိုက်တွန်းတဲ့ လက်ကမ်း စာစောင်တွေ ဒီကနေ့ ဖြန့်ဝေခဲ့ကြသလို၊ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ဟာ အာဏာရှင်စနစ်ကို မီးထိုးပေးနေတာမို့ နုတ်ထွက်ပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ ဆန္ဒပြရာနေရာနားမှာ လုံခြုံရေးရဲတချို့ရှိပေမဲ့ လူစုခွဲတာမျိုးတော့ မလုပ်ခဲ့ပါဘူး၊

မနေ့ ကြာသပတေးနေ့က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ Pita အနေနဲ့ လိုအပ်တဲ့ ထောက်ခံမဲ ၃၇၅ မဲ အထိ မရဘဲ ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့တာပါ။ မနေ့က မဲခွဲ ဆုံးဖြတ်မှုမှာ အရေးနိမ့်ခဲ့ပေမဲ့ သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်ရေး အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူးလို့ Pita က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG