ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ကို အစ္စလာမ်ကျမ်းစာသင်ကျောင်းတကျောင်းက ကျောင်းသား တယောက်က တနင်္ဂနွေနေ့မှာ ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က မွတ်ဆလင်ဘာသာရေးတိုင်းပြည်မှာ ကြီးကျယ်တဲ့ ရိုင်းပြစော်ကားမှုဖြစ်ပါတယ်။
Nawaz Sharif ဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ နှစ်က ရာထူးကနေ ဆင်းပေးခဲ့ရသူဖြစ်ပါတယ်။ Lahore မှာရှိတဲ့ ကျမ်းစာသင်ကျောင်းက အခမ်းနားတခုမှာ အမှာစကားပြောကြားစဉ် ပစ်ပေါက်လိုက်တဲ့ ဖိနပ်က ပုခုံးကို ထိမှန်သွားပြီး Nawaz Sharif ဟာ အံ့အားသင့် တုန်လှုပ်သွားပုံရတယ်လို့ ဆိုပါတယ်။
Nawaz Sharif နဲ့ နီးစပ်သူတဦးလည်းဖြစ် အာဏာရပါတီဝင် နိုင်ငံခြားရေးဝန်ကြီး Kawaja Muhammad Asif ကို နိုင်ငံရဲ့ အရှေ့ပိုင်း ပါတီစုရုံးပွဲတခုမှာ စကားပြောနေစဉ် မင်နဲ့ ပက်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး နောက်တရက်မှာ အခုလိုထပ်ဖြစ်တာဖြစ်ပါတယ်။
ဖိနပ်နဲ့ပေါက်တဲ့ဖြစ်ရပ် ဖြစ်တဲ့အချိန်ဟာ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်နေချိန်လည်းဖြစ်ပါတယ်။
လူအုပ်နဲ့ ဝိုင်းဖမ်းပြီး ရဲလက်ကို မအပ်ခင် ဖိနပ်နဲ့ ပစ်ပေါက်သူဟာ Nawaz Sharif ဟောပြောနေတဲ့ စင်ပါ်ကို ခုန်တက်ပြီး ကြွေးကြော်အော်ဟစ် ခဲ့ပါသေးတယ်။